Thursday 18 December 2014

အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာ့ပြည်သူများ ပါဝင်ရန် မာလာလာ တိုက်တွန်း

Photo: အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာ့ပြည်သူများ ပါဝင်ရန် မာလာလာ တိုက်တွန်း
Thursday, December 18, 2014

မကြာခင်ကမှ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့တဲ့ ပါကစ္စတန်နိုင်ငံသူ မာလာလာ က ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပက်ရှဝါမြို့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးသူတွေ အတွက် အထူးဝမ်းနည်း ကြောင်း မနေ့က ပြောဆိုပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်တပ်ပိုင်ကျောင်းတကျောင်းကို တာလီဘန်တွေ အကြမ်းဖက် ၀င်ရောက်ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၁၃၂ ဦး သေဆုံးခဲ့ကြပြီး အများစုက ကျောင်းသူကျောင်းသားတွေ ဖြစ်ကြပါတယ်။

မာလာလာ ကိုယ်တိုင်လည်း အမျိုးသမီးပညာရေးအတွက် ရှေ့တန်းက ဆောင်ရွက်လို့ ၂၀၁၂ ခုနှစ်က တာလီဘန်တွေက ပစ်ခတ်ခံခဲ့ရပြီး  အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့တာပါ။

မြို့ပစ်ခတ်မှုမှာ အပြစ်မဲ့ ကျောင်းသူကျောင်းသားနဲ့ ဆရာတွေ အယောက် ၁၀၀ ကျော် သေဆုံးခဲ့တယ်ဆိုတာကို ကြားသိရလို့ သူတို့မိသားစုတွေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရတယ်လို့ ပြောပါတယ်။

“ကျမတို့အားလုံး သွေးစည်းညီညွတ်ကြရမယ့် အချိန်ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကို ဆန့်ကျင်ပြီး အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာ့နိုင်ငံတွေ၊ ပါကစ္စတန်နိုင်ငံ ခေါင်းဆောင် တွေနဲ့ နိုင်ငံရေးပါတီတွေ၊ ကမ္ဘာ့ပြည်သူတွေ အားလုံးကို တိုက်တွန်း တောင်းဆိုပါတယ်။ အရည်အသွေး ရှိတဲ့ ပညာရေးကို ကလေးတိုင်း က လုံလုံခြုံခြုံနဲ့ ရရှိရေးအတွက် ကျမတို့အားလုံး ကြိုးစားကြရပါမယ်” လို့ ဗြိတိန်နိုင်ငံမှာ ပြောဆိုခဲ့ပါတယ်။

စာသင်ကျောင်း တိုက်ခိုက်မှုကို တာလီဘန်အစွန်းရောက်တွေက တာဝန်ခံ ထားပြီး သူတို့အပေါ် အစိုးရထိုးစစ်ဆင်ခဲ့တာတွေအတွက် လက်တုံ့ပြန်တာလို့ ကြေညာထားပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
မကြာခင်ကမှ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့တဲ့ ပါကစ္စတန်နိုင်ငံသူ မာလာလာ က ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပက်ရှဝါမြို့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ထိခိုက်သေဆုံးသူတွေအတွက် အထူး ၀မ်းနည်း ကြောင်း မနေ့က ပြောဆိုပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က စစ်တပ်ပိုင်ကျောင်းတကျောင်းကို တာလီဘန်တွေ အကြမ်းဖက် ၀င်ရောက် ပစ်ခတ်ခဲ့လို့ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၁၃၂ ဦး သေဆုံးခဲ့ကြပြီး အများစုက ကျောင်းသူကျောင်းသားတွေ ဖြစ်ကြပါတယ်။

မာလာလာ ကိုယ်တိုင်လည်း အမျိုးသမီးပညာရေးအတွက် ရှေ့တန်းက ဆောင်ရွက်လို့ ၂၀၁၂ ခုနှစ်က တာလီဘန်တွေက ပစ်ခတ်ခံခဲ့ရပြီး  အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့တာပါ။

မြို့ပစ်ခတ်မှုမှာ အပြစ်မဲ့ ကျောင်းသူကျောင်းသားနဲ့ ဆရာတွေ အယောက် ၁၀၀ ကျော် သေဆုံးခဲ့တယ် ဆိုတာကို ကြားသိရလို့ သူတို့မိသားစုတွေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းရတယ်လို့ ပြောပါတယ်။

“ကျမတို့အားလုံး သွေးစည်းညီညွတ်ကြရမယ့် အချိန်ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကို ဆန့်ကျင်ပြီး အကြမ်း ဖက်မှု ပပျောက်ရေး ကမ္ဘာ့နိုင်ငံတွေ၊ ပါကစ္စတန်နိုင်ငံ ခေါင်းဆောင် တွေနဲ့ နိုင်ငံရေးပါတီတွေ၊ ကမ္ဘာ့ပြည် သူတွေ အားလုံးကို တိုက်တွန်း တောင်းဆိုပါတယ်။ အရည်အသွေးရှိတဲ့ပညာရေးကို ကလေးတိုင်းက လုံလုံခြုံခြုံနဲ့ ရရှိရေးအတွက် ကျမတို့အားလုံး ကြိုးစားကြရပါမယ်” လို့ ဗြိတိန်နိုင်ငံမှာ ပြောဆိုခဲ့ပါတယ်။

စာသင်ကျောင်း တိုက်ခိုက်မှုကို တာလီဘန်အစွန်းရောက်တွေက တာဝန်ခံထားပြီး သူတို့အပေါ် အစိုးရ ထိုးစစ်ဆင်ခဲ့တာတွေအတွက် လက်တုံ့ပြန်တာလို့ ကြေညာထားပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment