Monday 24 November 2014

ပန်းခြံတွင်း သေနတ်အတုကိုင်ဆောင်လာသူ ဆယ်ကျော်သက်တစ်ဦးကို အမေရိကန်ရဲက ပစ်သတ်

Photo: ပန်းခြံတွင်း သေနတ်အတုကိုင်ဆောင်လာသူ ဆယ်ကျော်သက်တစ်ဦးကို
အမေရိကန်ရဲက ပစ်သတ်
Monday, November 24, 2014

Cleaveland ပြည်နယ်ရဲ့ ပန်းခြံထဲမှာသေနတ်ကိုခါးကြားထဲကဆွဲထုတ်ဖို့ 
ကြိုးစားလိုက်တဲ့ ၁၂ နှစ်အရွယ်ကောင်လေးကိုလက်မြှောက်ဖို့ အမိန့် မနာခံလို့ 
ဆိုပြီးရဲအရာရှိတစ်ယောက်ကသေနတ်နဲ့  နှစ်ချက်ဆင့်ပစ်လိုက်တယ်လို့ ရဲတပ်ဖွဲ့ 
က ပြောပါတယ်။

ပန်းခြံထဲမှာသေနတ်ကိုထုတ်လိုက်သွင်းလိုက်လုပ်နေလို့ အခြားလူအများကို
ထိတ်လန့် စေတယ်ဆို ပြီးလူတစ်ယောက်ကရဲတွေကိုဖုန်းဆက်ခေါ်ခဲ့တာဖြစ်ပြီး
“အဲဒီသေနတ်ကအတုလားအစစ်လားဆိုတာတော့ ကျွန်တော်လည်းမသိခဲ့ဘူး”
ဆိုပြီးအဆိုပါဖုန်းဆက်သူက ရဲတွေကိုပြောခဲ့ပါတယ်။

ဒုရဲအုပ် Ed Tomba က “ဒီကောင်လေးကသေနတ်ကိုခါးကြားထဲက
ဆွဲအထုတ်မှာအပစ်ခံလိုက် ရတာ။ သူ့ သေနတ်နဲ့ ရဲတွေကိုချိန်ခဲ့တာ၊
ခြိမ်းခြောက်ခဲ့တာတော့ မရှိခဲ့ဘူး” လို့ ဆိုပါတယ်။ ကောင်လေးကိုင်ခဲ့တဲ့
သေနတ်က Airsoft အမျိုးအစားပစ္စတိုအသေး ဖြစ်ပြီးအစစ်နဲ့ခွဲမရအောင်တူတဲ့
သေနတ်အတုဖြစ်တယ်လို့ သိရပါတယ်။ ကောင်လေးကိုသေနတ်နဲ့ ပစ်ခတ်မှုပါ
ပါဝင်ခဲ့တဲ့ ရဲအရာရှိနှစ်ယောက်ကိုခွင့်မိန့် နဲ့ နားရက်ခဏပေးထားပြီး
အမှုဖြစ်စဉ်ကိုသေချာစစ်ဆေးနေပါတယ်လို့ Cleavelandရဲအဖွဲ့ ရဲ့ ရဲချုပ် Jeff Follmer က ပြောခဲ့ပါတယ်။

သေနတ်အတုအသုံးပြုသူတွေနဲ့ ပတ်သက်ပြီးပိုတင်းကြပ်တဲ့ စည်းကမ်းတွေ
ထုတ်ဖို့ ဖုန်းနဲ့  ခေါ်ဆိုအကြောင်းကြားမှုတွေ အတော်များများ ရှိနေတယ်လို့ 
သူက ဆက်လက်ပြောပါတယ်။

ဥပဒေပြဌာန်းသူ Alicia Reece က Ohio မှာရောင်းချတဲ့ သေနတ်အတုတွေကို
အရောင်တောက်တောက်ခြယ်ဖို့ ဆိုတဲ့ အဆိုပြုချက်တစ်ခုကိုတင်သွင်းဖို့ 
သူမမှာအစီအစဉ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ကောင်လေးကTamir Rice ဖြစ်ပြီးစနေနေ့ မှာ
သေနတ်အပစ်ခံခဲ့ရပြီးနောက် တနင်္ဂနွေနေ့ မှာပဲ ဆေးရုံပေါ်မှာ
သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

BBC
Cleaveland ပြည်နယ်ရဲ့ ပန်းခြံထဲမှာသေနတ်ကိုခါးကြားထဲကဆွဲထုတ်ဖို့  ကြိုးစားလိုက်တဲ့ ၁၂ နှစ်အရွယ် ကောင်လေးကိုလက်မြှောက်ဖို့ အမိန့် မနာခံလို့ ဆိုပြီးရဲအရာရှိတစ်ယောက်ကသေနတ်နဲ့  နှစ်ချက်ဆင့် ပစ်လိုက်တယ်လို့ ရဲတပ်ဖွဲ့  က ပြောပါတယ်။

ပန်းခြံထဲမှာသေနတ်ကိုထုတ်လိုက်သွင်းလိုက်လုပ်နေလို့ အခြားလူအများကို ထိတ်လန့် စေတယ်ဆို ပြီးလူတစ်ယောက်ကရဲတွေကိုဖုန်းဆက်ခေါ်ခဲ့တာဖြစ်ပြီး “အဲဒီသေနတ်ကအတုလားအစစ်လားဆိုတာတော့ ကျွန်တော်လည်းမသိခဲ့ဘူး” ဆိုပြီးအဆိုပါဖုန်းဆက်သူက ရဲတွေကိုပြောခဲ့ပါတယ်။

ဒုရဲအုပ် Ed Tomba က “ဒီကောင်လေးကသေနတ်ကိုခါးကြားထဲက ဆွဲအထုတ်မှာအပစ်ခံလိုက် ရတာ။ သူ့ သေနတ်နဲ့ ရဲတွေကိုချိန်ခဲ့တာ၊ ခြိမ်းခြောက်ခဲ့တာတော့ မရှိခဲ့ဘူး” လို့ ဆိုပါတယ်။ ကောင်လေးကိုင်ခဲ့တဲ့
သေနတ်က Airsoft အမျိုးအစားပစ္စတိုအသေး ဖြစ်ပြီးအစစ်နဲ့ခွဲမရအောင်တူတဲ့ သေနတ်အတုဖြစ်တယ်လို့ သိရပါတယ်။ ကောင်လေးကိုသေနတ်နဲ့ ပစ်ခတ်မှုပါ ပါဝင်ခဲ့တဲ့ ရဲအရာရှိနှစ်ယောက်ကိုခွင့်မိန့် နဲ့ နားရက်ခဏပေးထားပြီး အမှုဖြစ်စဉ်ကိုသေချာစစ်ဆေးနေပါတယ်လို့ Cleavelandရဲအဖွဲ့ ရဲ့ ရဲချုပ် Jeff Follmer က ပြောခဲ့ပါတယ်။

သေနတ်အတုအသုံးပြုသူတွေနဲ့ ပတ်သက်ပြီးပိုတင်းကြပ်တဲ့ စည်းကမ်းတွေ ထုတ်ဖို့ ဖုန်းနဲ့  ခေါ်ဆိုအကြောင်းကြားမှုတွေ အတော်များများ ရှိနေတယ်လို့  သူက ဆက်လက်ပြောပါတယ်။

ဥပဒေပြဌာန်းသူ Alicia Reece က Ohio မှာရောင်းချတဲ့ သေနတ်အတုတွေကို အရောင်တောက်တောက် ခြယ်ဖို့ ဆိုတဲ့ အဆိုပြုချက်တစ်ခုကိုတင်သွင်းဖို့  သူမမှာအစီအစဉ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။

သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ကောင်လေးကTamir Rice ဖြစ်ပြီးစနေနေ့ မှာ သေနတ်အပစ်ခံခဲ့ရပြီးနောက် တနင်္ဂနွေနေ့ မှာပဲ ဆေးရုံပေါ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

BBC

No comments:

Post a Comment