Saturday 25 October 2014

အရွယ်မရောက်သေးသော ကလေးများကို စစ်မှုထမ်းခိုင်းသော KIA အား အရေးယူပေးရန် UNICEF သို့ တိုင်ကြားမည်

Photo: အရွယ်မရောက်သေးသော ကလေးများကို စစ်မှုထမ်းခိုင်းသော KIA အား အရေးယူပေးရန် UNICEF သို့ တိုင်ကြားမည်
Saturday, October 25, 2014

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များ ၌ နေထိုင်သောဒေသခံ ကချင်လူ ငယ်များအား အောက်တိုဘာ ဒုတိယ အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခြင်းအပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ထံသို့တိုင်ကြား ရန် စီစဉ်နေကြောင်း အကျိုးတော်ဆောင် တစ်ဦးထံမှ သိရသည်။ 

“ ကျောင်းတက်နေတဲ့ကလေးကို ဖမ်းပြီး စစ်သားလုပ်ခိုင်းတဲ့အတွက် ပါ၊ နောက်ထပ်ကလေးသုံးယောက် ကိုလည်း လူမြင်ကွင်းကြီးမှာကို ဖမ်းခေါ်သွားတာ၊ ဒီအတိုင်းကြည့်နေရင် သူတို့ဗိုလ်ကျချင်တိုင်းကျနေမှာ စိုးတဲ့ အတွက် UNICEF ကိုတိုင်မှာပါ ” ဟု ကူညီဆောင်ရွက်ပေးနေသော မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါမြို့နယ်၊ နမ္မတီးကျေးရွာ၊ ရွှေလီရပ်ကွက်နေ မောင်ဘရန်လီ(၁၆)နှစ်၊ ၈ တန်းကျောင်းသားလေးအား အောက်တိုဘာ ၉ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ရာ ပြန်လွှတ်ပေးရေးအတွက် မိဘများကိုယ်တိုင် အောက်တိုဘာ ၂၂ ရက်နေ့တွင် KIA တပ်ရင်း(၁၁)တည်ရှိရာ ပန်ဆောင်ယန်သို့ ဆက်သွယ်တောင်းပန်သော် လည်း ယနေ့အချိန်အထိ ပြန်လည်စေ လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အဆိုပါမြို့နယ်၊ မရမ်းကျေးရွာ၊ ရပ်ကွက်(၇)တွင် နေထိုင်သော မောင်မုန်ထွယ်အောင် (၁၆)နှစ် ၊ မောင်ဘောက်ဒူး(၁၇)နှစ်၊ မောင်ဂျန်မော်ဆိုင်းအောင်(၁၆)နှစ်တို့ ၃ ဦးအား KIA အဖွဲ့မှ မြစ်ကြီးနား-ရွှေဘိုကားလမ်းမပေါ်တွင် ဖမ်းဆီးကာ ပန်ဆောင်ယန် သို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေရွာသားများရှိသည်ဟု သိရသည်။
“အခုကလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေယူနေပါတယ်၊ ကလေးမိဘတွေရဲ့လက်မှတ်နဲ့ အသနား ခံစာတွေလည်းလုပ်ထားတယ်၊ ဖမ်းသွားတဲ့အဖွဲ့၊ ဖမ်းသွားတဲ့အချိန်၊ ဖမ်းထားတဲ့နေရာတွေကိုလည်း မျက်မြင် သက်သေတွေနဲ့ အတိအကျလုပ်ထားပါတယ်၊ ကိုယ့်ကချင်တိုင်းရင်းသား အချင်းချင်းတောင် ညှာတာမှုမရှိတော့ တဲ့KIA ကို UNICEFလိုအဖွဲ့ က ဖြေရှင်းပေးမှသာအောင်မြင်မှာပါ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ အစိုးရတပ် တွေအနေနဲ့ကလည်း နယ်မြေဒေသလုံခြုံရေးအခြေအနေကြောင့် မဖြေရှင်းပေးနိုင်သလို KIA ကလည်းလက် နက်ကိုင်ထားတော့ ဒီအတိုင်းရှင်းမှာမဟုတ်ဘူး၊ ဒါကြောင့် UNICEF ကိုတိုင်ဖို့လုပ်ရတာပါ၊ ကချင်လူငယ်တွေရဲ့ အနာဂတ်အတွက်ပေါ့” ဟု အမည်မဖော်လိုသော အကျိုးတော်ဆောင် တာဝန်ရှိသူတစ်ဦးကပြောကြားသွား သည်။ 

ဇော်မိုင်
Kachin Daily News
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များ၌ နေထိုင်သောဒေသခံ ကချင် လူငယ်များအား အောက်တိုဘာ ဒုတိယ အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခြင်းအပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ထံသို့တိုင်ကြား ရန် စီစဉ်နေကြောင်း အကျိုးတော်ဆောင် တစ်ဦးထံမှ သိရသည်။ 

“ ကျောင်းတက်နေတဲ့ကလေးကို ဖမ်းပြီး စစ်သားလုပ်ခိုင်းတဲ့အတွက် ပါ၊ နောက်ထပ်ကလေးသုံးယောက် ကိုလည်း လူမြင်ကွင်းကြီးမှာကို ဖမ်းခေါ်သွားတာ၊ ဒီအတိုင်းကြည့်နေရင် သူတို့ဗိုလ်ကျချင်တိုင်းကျနေမှာ စိုးတဲ့ အတွက် UNICEF ကိုတိုင်မှာပါ ” ဟု ကူညီဆောင်ရွက်ပေးနေသော မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါမြို့နယ်၊ နမ္မတီးကျေးရွာ၊ ရွှေလီရပ်ကွက်နေ မောင်ဘရန်လီ(၁၆)နှစ်၊ ၈ တန်းကျောင်းသားလေးအား အောက်တိုဘာ ၉ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ရာ ပြန်လွှတ်ပေးရေးအတွက် မိဘများကိုယ်တိုင် အောက်တိုဘာ ၂၂ ရက်နေ့တွင် KIA တပ်ရင်း(၁၁)တည်ရှိရာ ပန်ဆောင်ယန်သို့ ဆက်သွယ်တောင်း ပန်သော် လည်း ယနေ့အချိန်အထိ ပြန်လည်စေ လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အဆိုပါမြို့နယ်၊ မရမ်းကျေးရွာ၊ ရပ်ကွက်(၇)တွင် နေထိုင် သော မောင်မုန်ထွယ်အောင် (၁၆)နှစ် ၊ မောင်ဘောက်ဒူး(၁၇)နှစ်၊ မောင်ဂျန်မော်ဆိုင်းအောင်(၁၆)နှစ်တို့ ၃ ဦးအား KIA အဖွဲ့မှ မြစ်ကြီးနား-ရွှေဘိုကားလမ်းမပေါ်တွင် ဖမ်းဆီးကာ ပန်ဆောင်ယန် သို့ ခေါ်ဆောင် သွားကြောင်း မျက်မြင်သက်သေရွာသားများရှိသည်ဟု သိရသည်။

“အခုကလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ယူနေပါတယ်၊ ကလေးမိဘတွေရဲ့လက်မှတ်နဲ့ အသနား ခံစာတွေလည်းလုပ်ထားတယ်၊ ဖမ်းသွားတဲ့အဖွဲ့၊ ဖမ်းသွားတဲ့အချိန်၊ ဖမ်းထားတဲ့နေရာတွေ ကိုလည်း မျက်မြင် သက်သေတွေနဲ့ အတိအကျလုပ်ထားပါတယ်၊ ကိုယ့်ကချင်တိုင်းရင်းသား အချင်းချင်း တောင် ညှာတာမှုမရှိတော့ တဲ့ KIA ကို UNICEFလိုအဖွဲ့ က ဖြေရှင်းပေးမှသာအောင်မြင်မှာပါ၊ သက်ဆိုင် ရာ ဌာနဆိုင်ရာတွေနဲ့ အစိုးရတပ် တွေအနေနဲ့ကလည်း နယ်မြေဒေသလုံခြုံရေး အခြေအနေ ကြောင့် မဖြေရှင်းပေးနိုင်သလို KIA ကလည်းလက် နက်ကိုင်ထားတော့ ဒီအတိုင်းရှင်းမှာမဟုတ်ဘူး၊ ဒါကြောင့် UNICEF ကိုတိုင်ဖို့လုပ်ရတာပါ၊ ကချင်လူငယ်တွေရဲ့ အနာဂတ်အတွက်ပေါ့” ဟု အမည်မဖော် လိုသော အကျိုးတော်ဆောင် တာဝန်ရှိသူတစ်ဦးကပြောကြားသွား သည်။ 

ဇော်မိုင်
Kachin Daily News

No comments:

Post a Comment