ဦးနှောက်သည် အိပ်စက်သောအခါ တက်ကြွကြောင်းကို ကမ်းဘရစ်ခ်ျနှင့် ပဲရစ်မှ သိပ္ပံပညာရှင်များ၏ လေ့ လာမှုတစ်ရပ်အရ သိရသည်။
လေ့လာ မှု၏ အဖွဲ့ခေါင်းဆောင် Mr.Kouider က ““ကျွန်တော်တို့တတွေဟာ အိပ် စက်သွားတဲ့အခါ ဦးနှောက်အလုပ်လုပ်မှုလျော့နည်းသွားတယ်လို့ ထင်ခဲ့ကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ပိုပြီးတောင် တက်ကြွနေ ပါသေးတယ်။
ဘာလို့လဲဆိုတော့ လူတစ်ဦး အိပ်စက်တဲ့အခါမှာ မသိစိတ်နဲ့ အိပ်မက်မက်တက်ကြပါတယ်။ ပြီးတော့ အိပ်နေစဉ်မှာ ဦနှောက်တက်ကြွနေလို့ မိမိနာမည်ကို ခေါ်လိုက်တာတို့ နာရီနှိုးစက် အသံမြည်တာတို့ဆိုရင် အချိန်မရွေး နိုးထလာစေပါတယ်။
ထိုအသံတွေကို ဦးနှောက်ကမှတ်သားထားပြီး နိုးထစေမှုကို ဖြစ်ပေါ် စေပါသည်။ ဒါဟာဦးနှောက်သည် အမြဲနိုးကြားတက်ကြွနေတယ်ဆိုတာ ရဲ့ အကောင်းဆုံး သာဓကတစ်ခုပါ ပဲ။”” ဟု ပြောပါသည်။
မာဃ
Ref:Netdoctor
Health Updates Journal
No comments:
Post a Comment