အီရတ်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရှီယိုက်ပြည်သူ့စစ် အဖွဲ့၏ အကူအညီဖြင့် ISIS သူပုန်အဖွဲ့များက နှစ် လ ကြာ ထိန်းချုပ်ထားသော အေမာလီမြို့ အတွင်းသို့ သြဂုတ် ၃၁ ရက်က ထိုးဖောက် ဝင်ရောက်နိုင် ခဲ့ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။
ISIS သူပုန်အဖွဲ့က နှစ်လကြာ ထိန်းချုပ် ထားသည့် အေမာလီမြို့ အတွင်း ထိုးဖောက် ဝင်ရောက် နိုင် ခဲ့ခြင်းနှင့် သူပုန်အဖွဲ့များကို မြို့အရှေ့ပိုင်းအထိ တိုက်ထုတ် နိုင်ခဲ့ခြင်းသည် ရှီယိုက်ပြည် သူ့စစ် အဖွဲ့နှင့် အီရတ် လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီးနောက် နှစ်ဖွဲ့ စလုံး အတွက် အလွန်ကြီးမားသော အောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း အဗ္ဗဒဲလ်အယ်လ်ဘာ ရာတီက ထပ်လောင်း ပြောကြား သည်။
မြ၀တီ
No comments:
Post a Comment