ပျဉ်းမနားဈေးရှေ့ကနေအိမ်ဆိုင်ခန်းခြောက်ခန်း ယနေ့နံနက်နှစ်နာရီခန့်ကစတင်ပြီးတနာရီကြာမီးလောင်ခဲ့ ရာငွေကျပ် ၁၂၅သိန်းခန့်ဆုံးရှူံးခဲ့ပြီး စတင်လောင်ကျွမ်းခဲ့ရခြင်း အကြောင်းအရင်းကိုတော့ စစ်ဆေးဆဲဖြစ် တယ်လို့ပျဉ်းမနားရဲတပ်ဖွဲ့မှသိရပါတယ်။
ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်လကျာင်္လမ်းထောင့်ရှိနေအိမ်ဈေးဆိုင်ခန်းတွေမှာ နံနက်၂း၁၀မိနစ်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့က၂း၅၀မှာ မီးထိန်းနိ်ုင်ခဲ့ပြီး၃း၁၅မိနစ်မှာတော့ မီးလုံးဝငြိမ်း သတ်နိုင်ခဲ့ ပါတယ်။
ပျဉ်းမနားမြို့မစခန်းမှ ရဲအုပ်စိုင်းကျော်လွင်က “ဘယ်ကစလောင်တယ်ဆိုတာကို ကျတော်တို့စစ်ဆေးဆဲဘဲ ရှိပါတသေးတယ်”လို့ပြောပါတယ်။ မီးစတင်လောင်ခဲ့ရာနေရာနဲ့အကြောင်းရင်းကို သိရဖို့် ဆိုင်ခန်းပိုင်ရှင် တချို့ကိုလည်း ရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးနေတာကိုတွေ့ရပါတယ်။
ငွေပဒေသာအရုပ်ဆိုင်ပိုင်ရှင်ဒေါ်မြင့်စန်းက”မီးကိုသေချာစစ်ဆေးပြီးမှပြန်ခဲ့ တာပါ။နေ့တိုင်းလည်း စစ်ပြီး မှပြန်နေပြ ပါ” လို့စစ်ဆေးခံဖို့ရဲစခန်းစောင်းနေစဉ်ပြော ပါတယ်။
၁။ငွေပဒေသာအရုပ်ဆိုင်၊
၂။ဦးသာရ+ဒေါ်စန်းရီရွှေဆိုင်၊
၃။ပွင့်ဖြူအထည်ဆိုင်
၎။ဟွာဝေးဖုန်းဆိုင်
၅။ရွှေမြင်းပျံရွှေဆိုင်နဲ့
၆။အိမ အအေးဆိုင်တို့ မီးလောက်ကျွမ်းခဲ့ကြတယ် လို့ပျဉ်းမနားမီးသတ်တပ်ဖွဲ့ကသိရပါတယ်။
Author - မိုးမိုး
Kumudra
Author - မိုးမိုး
Kumudra
No comments:
Post a Comment