၂၀၁၄ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှ ၂၃ရက်နေ့ အထိ နေပြည်တော် ဇေယျာသီရိ အားကစားကွင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစား ကွင်း များတွင် ကျင်းပပြုလုပ်မည့် အာရှယူ- ၁၉ပြိုင်ပွဲအတွက် လက်မှတ် များကို အောက်တိုဘာလ ၈ရက်နေ့မှ စတင်၍ ရိုးရိုးတန်း ၂၀၀၀ကျပ်၊ အထူးတန်း ၅၀၀၀ ကျပ်ဖြင့် အောင်ဆန်းကွင်း၊ စလင်းကွင်းနှင့် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံရှိ လက်မှတ် အရောင်း ကောင်တာများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ အာရှယူ-၁၉ ပြိုင်ပွဲမှ အုပ်စု (က)နှင့် အုပ်(ခ) ပွဲစဉ်များကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပြီး အုပ်စု(ဂ)နှင့် အုပ်စု(ဃ) ပွဲစဉ်များကို နေပြည်တော်၊ ဇေယျာသီရိ ကွင်းတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
အိမ်ရှင်မြန်မာ လက်ရွေးစင် ယူ-၁၉အသင်းမှာ အုပ်စု(က)တွင် အီရန်၊ ထိုင်းနှင့် ယီမင်၊ အုပ်စု(ခ)တွင် ဥဇဘက် ကစ္စတန်၊ သြစတြေးလျ၊ ယူအေအီးနှင့် အင်ဒိုနီးရှား၊ အုပ်စု(ဂ)တွင် လက်ရှိချန်ပီယံ တောင် ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ဗီယက်နမ်၊ အုပ်စု(ဃ)တွင် အီရတ်၊ မြောက်ကိုရီးယား၊ ကာတာနှင့် အိုမန် အသင်းတို့ အသီးသီးပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာယူ-၁၉ အသင်းမှာ အောက်တိုဘာလ ၉ရက်နေ့ ည ၆နာရီခွဲတွင် ယီမင်အသင်း၊ အောက်တိုဘာလ ၁၁ရက်နေ့ ည ၆နာရီခွဲတွင် ထိုင်း၊ အောက် တိုဘာလ ၁၃ရက်နေ့ ည ၆နာရီခွဲတွင် အီရန်အသင်းတိုနှင့် တွေဆုံ ယှဉ်ပြိုင် ရမည် ဖြစ်ကြောင်း သိရှိရသည်။
Soccer Myanmar
No comments:
Post a Comment