Friday 26 September 2014

သိန်းကိုးဆယ်ဖြင့် ဂျပန်ပို့မည်ဟု တရားမ၀င်လုပ်သားခေါ်ယူ မှုများ အေဂျင်စီ အသင်းချုပ် သတိပေး

အွန်လိုင်းပေါ်တွင် ဂျပန်နိုင်ငံသို့ ကျပ်သိန်း ၉၀ ဖြင့် လုပ် သားပို့ဆောင်နေ သည်ဟု ခရီး သွားလုပ်ငန်း အချို့က တရားမ၀င် ကြော်ငြာထားသဖြင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအသင်းချုပ်က သတိပေး တားမြစ်မှုများ ဆောင် ရွက်နေကြောင်း  သတင်းရရှိ သည်။
တရားဝင်လိုင်စင်မရှိဘဲ အင်တာနက်စာမျက်နှာတွင် ကြော်ငြာလုပ်ကိုင်ခြင်းအပေါ် သတိပေး တားမြစ်မှုပြု လုပ် လျက်ရှိသည်။

‘‘အဲဒီလို ကြော်ငြာလို့ သတိ ပေးတာတစ်ခုတင်မကဘူး။ လိုင်စင်မရှိတဲ့အတွက် လုပ်ပိုင်ခွင့်မရှိလို့ သွားသတိပေးတာ။ ၀န်ကြီး ဌာနရဲ့ တာဝန်ပေးချက်အရ ကျွန် တော်တို့အသင်းချုပ်က သတိပေး တာတွေ လုပ်နေတာပါ။ မရရင် တော့ လူကုန်ကူးပုဒ်မနဲ့ အရေး ယူလို့ရပါတယ်’’ဟု ပြည်ပအလုပ် အကိုင်အေဂျင်စီ အသင်းချုပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမား စေ လွှတ် ခွင့် ပြန်လည် ရရှိခဲ့ ပြီးနောက် နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုး၍ လုပ်သားစေလွှတ်လျက်ရှိပြီး လိုင် စင်ရ အေဂျင်စီ က  ၀န်ဆောင်ခကို ကျပ်သိန်း ၃၀ အထိသာ ကောက်ခံရမည်ဟု အစိုးရက တရားဝင်ညွှန်ကြားထားသည်။

ဂျပန်နိုင်ငံရောက် တရားဝင် မြန်မာလုပ်သားများအနက် ၃၅ ရာခိုင်နှုန်းမှာ လုပ်ငန်းခွင်မှ ထွက် ပြေးကာ တရားမ၀င် နေထိုင် လျက်ရှိ၍ နှစ်နိုင်ငံစာချုပ်အပေါ် ထိခိုက်လာဖွယ် ရှိသောကြောင့် လုပ်သား ထွက်ပြေးမှုများ လျော့ကျစေရန် အစိုးရက အသင်းချုပ်အား ညွှန်ကြားထားကြောင်း  သိရသည်။

‘‘ဂျပန်အစိုးရက နိုင်ငံရေး ခို လှုံခွင့်ပေးထားတော့ သံရုံးရှေ့မှာ ဆန္ဒပြတာနဲ့ နေ ခွင့်ပေးထားတော့ ဟိုမှာရာသက်ပန်နေလို့ရတယ် လေ။ ဒီတော့ အလုပ်ခေါ်စာ ပိုင်း မထိခိုက်အောင် ၀န်ကြီးဌာနနဲ့ ညှိမယ်’’ ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီ အသင်းချုပ် အထွေ ထွေအတွင်းရေးမှူး ဦးကျော်ထင် ကျော် က ပြောသည်။

ပြည်ပအလုပ်အကိုင် လိုင် စင်ရအေဂျင်စီ လျှောက်ထားပါ က ပိုင်ဆိုင်မှု အထောက် အထား ကျပ်သိန်း တစ်ထောင်နှင့်အထက် ပြသရပြီး လိုင်စင်အာမခံကြေးအဖြစ် ကျပ်သိန်း ၅၀ ထပ်မံပေးသွင်း ရမည် ဖြစ် သည်။ ဂျပန်နိုင်ငံသို့ တရားဝင်သွားရောက်လုပ်ကိုင်ပါက တစ်လလျှင် မြန်မာငွေကျပ် ၁၀ သိန်းနှင့် အထက် ရရှိကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment