ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိဖုန်းဆိုင်ရှေ့၌ ဆင်းမ်ကတ်ဝယ်ယူရန် တိုးဝှေ့နေစဉ်(ဓာတ်ပုံ −ကျော်ဇင် သန်း)
မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရာတွင် မှောင်ခိုဈေးကွက်များ ဖြစ်ပေါ်နေခြင်းကို ထိန်းချုပ်နိုင်ရန် အစီ အစဉ်များ ပြုလုပ်၍ အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင် ထွန်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် ၎င်းတို့၏ ဆင်းမ် ကတ်များကို စက်တင်ဘာလ ၁ ရက်မှစ၍ လက်လီအရောင်းဆိုင် များတွင် စတင်ရောင်းချပေးခဲ့ပြီး ၂၀၁၄ နှစ်ကုန်တွင် ဆင်းမ်ကတ် ပေါင်း ငါးသန်းအထိ ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ သို့သော် ဆိုင်အနည်းငယ် တွင်သာ ၀ယ်ယူ ၍ ရပြီး လိုအပ်သလောက် မရနိုင် သေး၍ မှောင်ခိုဈေးကွက် များ ဖြစ်ပေါ်နေသော အရောင်းဆိုင် အချို့တွင် ဆင်းမ်ကတ်တစ်ခုလျှင်ကျပ် ၂၅,၀၀၀ အထိ ဈေးတင်၍ရောင်းချမှုများ ပြုလုပ် လျက်ရှိ သည်။
‘‘ကျွန်တော်တို့ဟာ ဒီနှစ်အ တွင်းမှာ ဆင်းမ်ကတ်ပေါင်း ငါး သန်းအထိ ရောင်းပေးသွားမှာဖြစ် တဲ့ အတွက် မှောင် ခိုဈေးကွက်ကို ရှောင်ရှားနိုင်ပြီး အလွယ်တကူ ၀ယ်ယူနိုင်ဖို့အတွက် ပြုလုပ်ပေး ပြီးေ တာ့ ဈေးကွက် ကို ဟန်ချက် ညီအောင် လုပ်ပေးသွားမှာဖြစ်ပါ တယ်’’ ဟု ဦးခင်မောင်ထွန်း က ပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက်မှစ၍ လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ကိုးသိန်းကို နှစ်ကြိမ်ခွဲ၍ ရောင်းချပေးထား ကြောင်း သတင်းရရှိသည်။
7Day DAILY
No comments:
Post a Comment