Tuesday 16 September 2014

လက်ရွေးစင် သဲသောင်ပြင် ဘောလုံးအသင်း လူရွေးပွဲ ကျင်းပမည့် ရက် နောက်ဆုတ်

ကျင်းပမည့် သဲကွင်း ပြုပြင်ရန်ရှိသည့်အတွက် မြန်မာ့လက်ရွေးစင် သဲသောင်ပြင်ဘော လုံးအသင်း ဖွဲ့ စည်းရေး အတွက် လူရွေးပြိုင်ပွဲ စတင်ကျင်းပမည့် ရက်ကို စက်တင်ဘာ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံတွင် ကျင်းပ မည့် အာဆီယံသဲသောင်ပြင် ဘောလုံးပြိုင်ပွဲ၌ ၀င်ရောက်ယှဉ် ပြိုင်မည့် မြန်မာ့ လက်ရွေးစင်သဲ သောင်ပြင်ဘောလုံးအသင်းဖွဲ့ စည်းရေးအတွက် လူရွေးပွဲများ ကို မူလက စက်တင်ဘာ ၁၆ ရက် တွင် စတင်ကျင်းပရန် စီစဉ်ထား သော်လည်း ပြိုင်ပွဲကျင်းပမည့် သုဝဏ္ဏပန်းခြံ၊ သဲကွင်းပြုပြင်ရန် ရှိသဖြင့် စက်တင်ဘာ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူကပြော သည်။

‘‘မိုးတွေရွာတဲ့ အတွက် လူ ရွေးပွဲကျင်းပမယ့် သဲကွင်းပျက် စီးနေတာကို ပြန်လည်ပြုပြင်နေရ ပါတယ်။ ဒါကြောင့် လူရွေးပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းရ ခြင်းဖြစ်ပါတယ်’’ဟု အဖွဲ့ချုပ် တာဝန်ရှိသူကဆိုသည်။

အဆိုပါလူရွေးပွဲတွင် အ သင်း ၁၂ သင်း ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး သုံးသင်းလေးအုပ် စုခွဲကာ ကျင်းပ သွားမည်ဖြစ် သည်။ အုပ်စုပွဲစဉ်များကို တစ် ရက်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး တစ်အုပ်စု လျှင် အမှတ်အများဆုံးနှစ်သင်းသည် နောက်တစ်ဆင့်သို့ တက်ရောက် ခွင့်ရရှိမည်ဖြစ်သည်။

လက်ရွေးစင်အသင်း အ တွက် လူရွေးပြိုင်ပွဲများကို နံနက် ၇နာရီခွဲမှ စတင်ကျင်းပမည်ဖြစ် ပြီး နံနက်ပိုင်း တွင် နှစ်ပွဲနှင့် ညနေ ပိုင်းတွင် နှစ်ပွဲ ကျင်းပမည်ဖြစ် သည်။ ညနေပိုင်းပွဲစဉ်များကို ညနေ ၃ နာရီတွင် စတင်မည်ဖြစ် သည်။

အဆိုပါလူရွေးပွဲမှ မြန်မာ့ လက်ရွေးစင်သဲသောင်ပြင်ဘော လုံးအသင်းအတွက် ပဏာမ ကစားသမား ၂၀ ကျော်ဖြင့် ရွေး ချယ်ဖွဲ့စည်းသွားရန် စီစဉ်ထား ကြောင်း ရွေးချယ်ရေးအဖွဲ့တာ ၀န်ရှိသူကပြောသည်။

7Day DAILY

No comments:

Post a Comment