အဆိုပါ ၀န်ဆောင်မှုကို မြန်မာ့စီးပွားရေးကော်ပိုရေရှင်
Myanmar Mobile Money ၏ ၀န်ဆောင်မှုကို အသုံးပြုလိုပါက SMS နံပါတ် ၁၆၆၆ သို့ ‘join’ ဟူသော စာသားပေးပို့ရမည်ဖြစ်ပြီး ၁၆၆၆ မှ အသုံးပြုနိုင်ပြီဖြစ်ကြောင်း SMS ဖြင့် ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။
‘‘ငွေလွှဲမယ့်သူရဲ့ ဖုန်းနံပါတ် ကို သိရုံနဲ့ ငွေပမာဏကို SMS ပို့ ပေးပြီး လွှဲလိုက်ရုံပါပဲ။ လက်ခံမယ့်လူက ဒီဝန်ဆောင်မှုကို အသုံးပြုမထားဘူးဆိုရင်တောင် သက်ဆိုင်ရာမြို့နယ်က အေးဂျင့်တွေဆီမှာ သွားပြီးထုတ်လို့ရပါတယ်’’ ဟု Myanmar Mobile Money မှ လုပ်ငန်းတာဝန်ခံတစ်ဦးက ပြောသည်။
ငွေလွှဲခအနေဖြင့် ကျပ်တစ်ထောင်မှ ငါးသောင်းအထိကို ၈၀ ကျပ်၊ ကျပ်ငါးသောင်းမှ တစ်သိန်းအထိကို ၁၂၀ ကျပ်၊ ကျပ်တစ်သိန်းမှ နှစ်သိန်းအထိကို ၁၆၀ ကျပ်သာ ကျသင့်မည် ဖြစ်သည်။
Myanmar Mobile Money ၀န်ဆောင်မှုဖြင့် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ငွေလွှဲခြင်း၊ လစာပေးခြင်း၊ ဈေးဝယ်ခြင်း၊ ဖုန်းပြောခကိုယ်တိုင် ဖြည့်သွင်းခြင်း၊ အခြားသူမှ ဖုန်းပြောခဖြည့်ပေးခြင်း၊ အသေးစားချေးငွေလုပ်ငန်းများအတွက
ယခုဝန်ဆောင်မှုကို CDMA 800 ဖုန်းများအပြင် အခြား GSM နှင့် WCDMA ဖုန်းများတွင်လည်း အသုံးပြုနိုင်တော့မည်ဟု သိရသည်။
7Day News Journal
No comments:
Post a Comment