Saturday 30 August 2014

အရက်ကင်းစင်စံပြရပ်ကွက်၊ ကျေးရွာများ ဖော်ထုတ်မည်ဟုဆို

အရက်သောက်သုံးမှုထိန်းချုပ်လျှော့ချနိုင်ရေးအတွက် အရက်ကင်းစင်စံပြကျေးရွာ၊ ရပ်ကွက်များ ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အရက်ယမကာသုံးစွဲမှု ထိန်းချုပ်ရေးမူဝါဒနှင့် မဟာဗျူဟာများ ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်သူ့ ကျန်းမာရေးဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အရက်ကင်းစင်စံပြရွာဆိုတာက အရက်မသောက်ရနေရာမှာ မသောက်ရဘူး။ အရက်မ ရောင်းရဘူး။ အရက် ရောင်းတဲ့ လူတွေရှိရင်လည်း မရောင်းရဘူး ဆိုတာတွေ ဒါတွေက ဥပဒေမှာ လည်းပါတယ်’’ ဟု ဒေါက်တာ သန်းစိန်ကပြော သည်။

ထိုသို့ပြုလုပ်ရာတွင် ပညာ ပေးကာလ၊ စည်းရုံးရေးများကို အရင်ဆုံးပြုလုပ်ဆောင်ရွက်သွား မည်ဖြစ်ပြီး သက်ဆိုင် ရာကျေးရွာ၊ တိုင်းဒေသကြီး တို့တွင် အရက် သောက်သုံးမှုလျှော့ချနိုင်ရန် စိတ် ဝင်စားမှုရှိသော နေရာ များကို ဦး စားပေးပြုလုပ်သွားမည်ဖြစ်သည်။

‘‘အရက်ကြောင့် လူသေနှုန်းက တအားမြင့်လာတယ်။ တကယ်ပြောတဲ့အတိုင်း လုပ် ဖြစ်မယ်ဆိုရင်တော့  ကောင်းတာ ပေါ့’’ဟု ကျန်းမာရေး ဝန်ထမ်းတစ်ဦးကပြောသည်။

အရက်ကင်းစင်ရေး  စံပြ ကျေးရွာများတွင် ပညာပေးကာ လများပြုလုပ်ပြီးပါက ယခင်အ ရက်သောက်သုံး မှုထက် လျှော့ချ ပြီး စီးပွားရေး၊ လူမှုရေး တိုးတက် ကောင်းမွန်လာခြင်းတို့ကို နမူနာ ထားကာ အခြားမြို့နယ် များ တွင် လည်း တိုးချဲ့ဆောင်ရွက်သွားမည်ဟုဆိုသည်။

အဆိုပါအရက်ကင်းစင်ရေး စံပြကျေးရွာ လုပ်ငန်းစဉ်က စက် တင်ဘာမှ စတင်၍ သုံးလအ တွင်း အကောင် အထည်ဖော်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  အရက် သောက်သုံးသူ အများစုမှာ အရက်တုများသောက်သုံးနေရပြီး မြန်မာနိုင်ငံ၌ လူ ဦးရေတစ်ထောင်လျှင် ၂၃ ဦး အရက်စွဲနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်အရ သိရသည်။

ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်ကလည်း အရက်သောက်သုံးမှု ထိန်းချုပ်ရန် အတွက် အခွန်တိုးမြင့်ကောက်ခံရန် စဉ်းစား ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အရက်ယမကာ  သုံးစွဲမှု ထိန်းချုပ်ရေးမူဝါဒနှင့် မဟာဗျူ ဟာများ ရေးဆွဲနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ နောက် ဆုံးနေ့ တွင် ဆွေးနွေးအကြံပြုချက် ၁၂ ချက်ကိုရယူပြီး ယင်းအကြံပြုချက်များကို အဆင့်သုံးဆင့်ဖြင့် လေးလ နှင့်ခြောက်လအတွင်း အကောင်အထည်ဖော်သွားမည်ဟု ဥက္ကဋ္ဌ ကပြော သည်။

7Day DAILY 

No comments:

Post a Comment