ယနေ့ ရက်နေ့ နံနက် (၈းဝဝ) နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာ လမ်းထောင့် (ဥက္ကလာဂေါက်ကွင်းအနီး)၌ ၇၉ (စိမ်း) သင်္ဃန်းကျွန်းနှင့် ဒဂုံဧရာအဝေး ပြေးသို့ ပြေးဆွဲသည့် ခရီးသည်တင် ဒိုင်နာမော် တော်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယ-တပ်ခွဲမှူး ဦးကျော်မင်းဦး မှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ် အကြောင်းကြားသည့်အတွက် အခင်းဖြစ်ပွားရာသို့ နာရေးကူညီမှု အသင်း (ရန်ကုန်) အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင်များသည် အရေးပေါ်လူနာတင်ယာဉ် (၂) စီးဖြင့် သွားရောက် ခဲ့ပြီး ဒဏ်ရာရလူနာ တောင် ဥက္ကလာပမြို့နယ်နေ ကိုတင်အောင်ဟိန်း (၂၆) နှစ်၊ သင်္ဃန်းကျွန်းနေ ကိုအောင် အောင်လွင် (၂၉) နှစ်၊ တ-ဒဂုံမြို့နယ်နေ ကိုအောင်အောင်ထွေး (၄ဝ) နှစ်၊ သုဝ ဏ္ဏမြို့နယ်နေ ကိုကျော်ကျော် (၂၉) နှစ်၊ တ-ဒဂုံမြို့နယ်နေ ကိုလင်းလင်ဇော် (၂၃) နှစ်၊ တ-ဒဂုံမြို့နယ်နေ ကိုမှတ်ကြီး (၁၈) နှစ်၊ ဝါးခယ်မမြို့နယ်နေ ဦးမြတင် (၅၉) နှစ် စုစုပေါင်း (၇) ဦးတို့အား မြောက်ဥက္ကလာပဆေးရုံကြီး အရေးပေါ်ဌာနသို့ အမြန်ဆုံး ပို့ဆောင်ကူညီ ခဲ့ကြောင်းနာရေးကူညီမှုအသင်း-
ရန်ကုန် မှသိရသည်။
ဓါတ်ပုံ-နာရေးကူညီမှုအသင်း-ရန်ကုန်
Popular Myanmar News Journal
No comments:
Post a Comment