ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော နေအိမ်အချို့ကို မြင်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ဘေဂျင်း- တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ် လူဒီယန်ခရိုင်တွင် ပြင်းအား ၆ ဒသမ ၁ မဂ္ဂနီကျုဒ် ရှိသည့် ငလျင်လှုပ်ခတ်သွားရာ အနည်းဆုံး ၁၇၅ ဦးသေဆုံးပြီး ၁၃၀၀ ခန့် ဒဏ်ရာရရှိသွားသည်။
ငလျင်လှုပ်ချိန်မှာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်
တွင်ဖြစ်သသည်။ ယခုအခါ ငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေးနှင့်ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေ ပြီး နိုင်ငံပိုင် ရုပ်သံ စီစီတီဗီကလည်း ငလျင်မှာ ပြည်နယ်အတွင်း ၁၄ နှစ်တာ ကာလအတွင်း အပြင်းထန်ဆုံး ကြုံတွေ့ရသည့်ငလျင်တစ်ရပ်ဖြစ်ကြောင်း ဆိုသည် ။
ကန်ဘူမိတိုင်းတာရေးအဖွဲ့က ငလျင်မှာ ပြည်နယ်တွင်းလူနေအရပ်များနှင့်ဝေးသည့် တောတောင်ထူထပ်ရာနေရာတွင် မြေအောက်အနက် ၁၀ ကီလိုမီတာတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ငလျင်လှုပ်ခတ်၍ တုန်လှုပ်မှုဒဏ်ကို အိမ်နီး ချင်းပြည် နယ်များဖြစ်သည့် ကွီကျိုးနှင့်စီချွမ်ပြည်နယ်များတွင်လည်း ခံစားခဲ့ရကြောင်းဆိုသည်။
ဆင်ဟွာသတင်းက လူဒီယန်ခရိုင်တွင် နေအိမ်ပေါင်း ၁၂,၀၀၀ ခန့်ပြိုကျခဲ့ကြောင်း၊ ထိုခရိုင်မှာနေ ထိုင်သူ လူဦးရေ ၄၃၉,၀၀၀ ရှိကြောင်းဆိုသည်။ တနင်္ဂနွေညသတင်းများအရ သေဆုံးသူများအားလုံး မှာ ကျောက် တုန် ဒေသ ကီကျားခရိုင်မှဖြစ်ကြောင်း ၊ထိုနေရာမှာ ငလျင်အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့ ရာနေ ရာဖြစ်ကြောင်းဆိုသည်။
တရုတ်အစိုးရသည် ငလျင်ဒဏ်ခံပြည်သူများအတွက် ရွက်ဖျင်တဲ ၂,၀၀၀ ၊ အိပ်ရာလိပ်၊ ကုတ် အကျီနှင့် စောင် ၃၀၀၀ စီကိုပေးပို့ထားသည်ဟု သတင်းကဆိုသည်။
အစောပိုင်း ငလျင်လှုပ်ပြီး ပြီးချင်းတွင် သေဆုံးသူ ၂၆ ဦးသာရှိခဲ့ကြောင်းဖော်ပြခဲ့ရာမှ ညပိုင်းတွင် သေဆုံး သူ ၁၅၀ ကျော်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများပြတ်တောက်ခဲ့ပြီး အနည်းဆုံး စာသင်ကျောင်းတစ်ခုမှာလည်း ပြိုလဲခဲ့သည်ဟု ဆင်ဟွာသတင်းက ဆိုသည်။
ဆက်သွယ်ရေးလိုင်းများလည်း ထိခိုက်ခဲ့သည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းဒေသသည် ငလျင်များ မကြာခဏ လှုပ်ခတ်ရာနေရာလည်းဖြစ်သည်။ ယူနန်တွင် ၁၉၇၀ က ပြင်းအား ၇ ဒဿမ ၇ ရှိသော ငလျင်တစ်ခု လှုပ်ခဲ့ရာ အနည်းဆုံး လူ ၁၅,၀၀၀ ခန့်သေဆုံးခဲ့ရဖူးသည်။
7Day DAILY
No comments:
Post a Comment