Friday 15 August 2014

ကျောင်းအပြန်လမ်းကြုံစီးသည့် ကားမှောက်၊ ကျောင်းဆရာမ နှစ် ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

အထက်တန်းကျောင်းမှ ကျောင်းဆရာမ ရှစ်ဦး ကျောင်းမှအပြန် ကားမှောက် ရာမှ နှစ်ဦးသေဆုံးခဲ့ပြီး ခြော က်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် တစ်ခု ပြည်မြို့နယ်တွင် သြဂုတ် ၁၄ ရက်က ဖြစ်ပွားခဲ့သည်ဟု လက်ထော က် မြို့နယ်၊ ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။
“ကျောင်းက အပြန် ဆရာမတွေ ကားစောင့်နေတုန်း အောင်လံဘက်က လာတဲ့ ကားက ဆရာမတွေ ကိုတွေ့တော့ အကူအညီပေးပြီး ခေါ်တင်လာတယ်။ တုံးရေကျို သစ်တောကြိုးဝိုင်းနားမှာ ဘရိတ်ပေါက်ပြီး ယူရေရှားပင်ကို ၀င်တိုက်ပြီး ကားလည်း နှစ်ပိုင်းသုံးပိုင်း ကျိုးသွားတယ်” ဟု လက်ထောက် မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ဆိုသည်။

ပြည်မြို့မှ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် အမှတ် ၆ (ခ) ဒိုင်နာကားသည် ညနေ ၄ နာရီခန့်က ကန်ကလေးကျေးရွာ၊ မြောက်န၀င်း အထက်တန်းကျောင်းမှ ဆရာမ ရှစ်ဦးနှင့် ဆရာတော် တစ်ပါးကို တင်ဆောင် လာခဲ့ပြီး ပြည်အောင်လံ လမ်းမမိုင်တိုင် အမှတ် ၁၈၉/၁ အနီးတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ် သည်။

နေ့စားဆရာမ တစ်ဦးမှာ ယာဉ်တိုက်မှု ဖြစ်သောနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရ ဆရာမ များကို ပြည်မြို့၊ ပြည်သူ့ ဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်သော်လည်း ကျောင်းအုပ်ဆရာမကြီး တစ်ဦး မှာ ဆေးရုံရောက်ရှိပြီး သေဆုံးခဲ့သည်ဟု ပညာရေးမှူးက ဆိုသည်။

ဆရာမ ဒေါ်မင်းမင်းမိုး၊ ဒေါ်သစ်သစ်လှိုင်(လယ်ပြ)၊ ဒေါ်ခင်ညိုညို (ထက်ပြ)၊ ဒေါ်နှင်းသီရိနိုင် (သိပ္ပံ အကူ နေ့စား) တို့မှာ စိုးရိမ်ရသည့် အနေအထားတွင်ရှိပြီး ဒေါ်မေသရဖီဝင်း (လယ်ပြ)နှင့် ဒေါ် ဇွန်နွေးနွေးအောင် (ထက်ပြ) မစိုးရိမ်ရသည့် အနေအထားတွင်ရှိသည်ဟု လက်ထောက်မြို့နယ် ပညာရေး မှူး ဦးနိုင်အောင်ထွန်းက ပြောသည်။

ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ဆရာတော်မှာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရဟု အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်း တစ်ဦးက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment