ဖုန်းဖြင့်အင်တာနက်သုံးနေစဉ်
အင်တာနက်မြန်နှုန်းတိုး မြှင့်ပေးနိုင် ရန် နိုင်ငံတကာပင်
လယ်ရေအောက် ကေဘယ် ဆက် ကြောင်း SMW-5 မှတစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အ ထိ
တိုးချဲ့သွားရန် နိုင်ငံ တကာအ ဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ
ပြုလုပ်နေကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက် သွယ်ရေး စခန်းမှ
သတင်းရရှိ သည်။
‘‘SMW-5
ကနေ လက်ရှိ အသုံးပြုနေတဲ့ ဘန်ဝှစ်ပမာဏ ထက် အဆပေါင်းများစွာ တိုးချဲ့
သွားဖို့စီစဉ်ထား တယ်။ 300BGB လောက်ထိကို တိုးချဲ့နိုင်ဖို့ ဆွေး နွေးနေ
တယ်။ အဲဒီထက်လည်း ပိုရချင်ရနိုင်တယ်’’ဟု ပြည်ပ ဆက်သွယ်ရေးစခန်းမှ လက်
ထောက်အင်ဂျင်နီယာ ဦးဇော်ဌေး ကပြောသည်။
SMW-5
ပင်လယ်ရေ အောက်ကေဘယ်ဆက်ကြောင်း ကို ငွေဆောင်မှတစ်ဆင့်ချိတ်
ဆက်
သွား မည်ဖြစ်ပြီး အဆင် သင့်ချိတ်ဆက်နိုင်ရန် ပြည်တွင်း ၌
ဖိုက်ဘာဆက်ကြောင်း တစ်ခု ပြေးဆွဲထားပြီးဖြစ် သည်။
‘‘ပြည်တွင်းကနေ
အဆင် သင့်ချိတ်ဆက်နိုင်ဖို့အတွက်ကို တော့ လုပ်ပြီးသွားပြီ။ နိုင်ငံတ
ကာအဖွဲ့အစည်း တွေနဲ့ ဆွေးနွေးမှုလုပ်ပြီးသွားတာနဲ့ တစ်ခါတည်း
ချိတ်ဆက်သွားမှာပါ’’ဟု ဦးဇော် ဌေးကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်
ငန်းအနေဖြင့် လက်ရှိတွင် နိုင်ငံ တစ်ဝန်း၌ ကုန်းတွင်းဖြတ်ကျော်
ဖိုက်ဘာ ဆက်ကြောင်းနှစ်ခုနှင့် ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်း SMW-3
တို့မှ အင်တာနက်ဘန်ဝှစ် ပမာဏ 27 GB ကို ချိတ်ဆက်ထားပြီး 16 GB ခန့်ကိုသာ
အသုံးပြုနိုင်သေး ကြောင်း သိရသည်။
ထို့အပြင်အင်တာနက်မြန်
နှုန်းတိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့မှ ဖိုက်ဘာ
ဆက်ကြောင်း နှစ်ခုဖြင့် အင်တာ နက် ဘန်ဝှစ် 20GB ကို ထပ်မံတိုး ချဲ့ရန်
ဆောင်ရွက်လျက်ရှိသည်။
7Day DAILY
No comments:
Post a Comment