အသက်ရှစ်နှစ်အရွယ် အိန္ဒိယကလေးငယ် တစ်ဦး၏ လက်နှစ်ဖက်သည် အတိုင်းထက်အလွန် ကြီးမားနေ ပြီး အရွယ်အစား အလေးချိန်အားဖြင့် နှစ်စတုန် (တစ် စတုန်လျင် ၁၄ ပေါင်ခန့်) ရှိသောကြောင့် ဆရာဝန် များကို အံ့အားသင့်စေခဲ့သည်ဟု သြဂုတ်လ ၂၀ ရက် ဒေလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။
ကာလိန်းဟု အမည်ပေးထားသော ထိုကလေးငယ်သည် မွေးကင်းစကတည်းက သာမန် အခြားကလေး များ၏ လက်ထက် နှစ်ဆမျှ ကြီးမားနေသောကြောင့် ၎င်း၏ လက်များဖြင့် ဖိနပ်ကြိုးတပ်ခြင်း ကဲ့သို့သော သာမန် အလုပ်များကိုပင် လုပ်နိုင်ခြင်း မရှိပေ။
ကာလိန်း၏ အသက် ၂၇ နှစ်အရွယ်ရှိ မိခင်ဖြစ်သူ ဟာလီမာက သူမ၏ သားသည် မွေးဖွားပြီးကတည်းက သာမန်လူများနှင့် မတူကြောင်း သို့သော် အကူအညီ အလွန်ရကြောင်း၊ ၎င်း၏လက်များ ကြီးထွားလာသည် မှာ လက်ကောက်ဝတ်မှ လက်ခလယ် ထိပ်ထိ ၁၃ လက်မရှိကြောင်း ပြောသည်။
သာမန်လူများ၏ လက်များနှင့်မတူသည့် ၎င်း၏လက်ကြောင့် လူတော်တော် များများက ၎င်းကို ကြောက် ရွံ့ ရှောင်ဖယ်ကြကြောင်းခရစ်ကတ်ကစားခြင်းကို နှစ် သက်သည့် ကာလိန်းက ပြောသည်။
“ကျွန်တော့်လက်ကို တခြားကလေးတွေက ကြောက်တယ်လို့ဆရာမက ပြော တဲ့အတွက် ကျောင်း ကို လည်း ကျွန်တော် မသွားတော့ပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
သာမန် အလုပ်သမားတစ်ဦးဖြစ်သည့် ဖခင်ဖြစ်သူ ရှာမန်းကလည်း ကာလိန်း၏ ဒုက္ခကိုဖြေရှင်းရန် ပူပန် နေရပြီး လုံလောက်သည့် ငွေရေးကြေးရေး မရှိသည့်အတွက် ၎င်းကို အပြစ်ဖို့နေရသည်။
“သူ့လက်တွေကြောင့် ထမင်းစားဖို့တောင် အခက်တွေ့နေရတယ်။ ဒါကြောင့် ကျွန်တော်တို့ကပဲ ခွံ့ကျွေး နေရပါတယ်။ ရေခွက်ကိုင်ပြီး သောက်တာမျိုးလို တချို့အရာတွေကိုတော့ သူဘာသာသူ လုပ်နိုင် ပါတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။
ယခုကဲ့သို့ လက်အရွယ်အစား ပိုမိုကြီးမားလာခြင်းကြောင့် ၎င်း၏ သွေးလည်ပတ် မှုစနစ်ကို ထိခို က်စေနိုင် ပြီး ယင်းက ၎င်း၏အသက်ကို ပို၍တိုစေမည်ဖြစ် သည်ဟုကာလိန်းနေထိုင်ရာ ဒေသ မှ ဆေးရုံ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဒေါက်တာရာတန်က ပြောကြားခဲ့သည်။
ထို့အတူ ဒေလီမြို့တော်အနီးရှိ ဂါဂ၀န်မြို့မှ ကလေး သူငယ် ရောဂါရှာဖွေရေးဆိုင်ရာ ဆရာဝန် တစ်ဦး ဖြစ်သည့် ဒေါက်တာ ခရစ်ဟန်ကာ့ကလည်း ကာလိန်း သည်ခန္ဓာကိုယ် ကြီးထွားမှုနှုန်း မှားယွင်းသ ည့်ရောဂါ (သို့မဟုတ်) ခြေလက်အင်္ဂါ ချို့ယွင်းသည့်ရောဂါ ခံ စားနေရကြောင်း ပြောကြားခဲ့သည်။
မည်သည့်အတွက်ကြောင့် ကာလိန်း၏ လက်များ အလွန်အမင်း ကြီးထွားနေခြင်းကို ဆရာဝန်များထံမှ သိရှိခဲ့ရပြီ ဖြစ်သောကြောင့် ၎င်း၏ မိဘများသည် ကာလိန်း၏ ရောဂါကိုကုသရန် မျှော်လင့်ချက်များ ရရှိ လာခဲ့ပြီး ကုသရန် ငွေကြေးအထောက်အပံ့များ ရှာဖွေလျက် ရှိသည်။
Mizzima - News in Burmese
No comments:
Post a Comment