မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ၄၀၀ ကျော် မှတ်ပုံတင်ထားတဲ့အထဲက ၄ ပုံ ၁ ပုံ ဖြစ်တဲ့ လုပ်ငန်း ၁၀၀ ကျော်ဟာ လုံးဝ အခွန်မဆောင်ပဲ အခွန်ရှောင်နေတဲ့အတွက် စိစစ်မှုတွေ စပြီး လုပ်နေပြီလို့ ရန်ကုန်တိုင်း ပြည်တွင်းအခွန်ဦးစီးဌာနရုံးရဲ့ တာဝန်ရှိသူတဦးက အတည်ပြု ပြောဆိုပါတယ်။
တဆက်တည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ တဆင့် လုပ်ငန်းရှင်တွေကို ခေါ်ယူမှာဖြစ်ပြီး ပထမအဆင့် အနေနဲ့ အခွန်ဆောင်လာစေဖို့ စည်းရုံး ပြောဆိုသွားမည်အပြင် နောက်ပိုင်းကျမှ အရေးယူမှုတွေ လုပ်သွား မယ် လို့ သူက ရှင်းပြပါတယ်။
DVB
No comments:
Post a Comment