ဓာတ်ပုံ – ထွန်းထွန်းသိန်း
ကားတင်သွင်းမှုနဲ့ သက်ဆိုင်တဲ့ အများပိုင် ကုမ္ပဏီတခု တည်ထောင်သွားမှာဖြစ်ပြီး ကားထားဖို့နေရာ အခက်အခဲ ရှိနေတဲ့ ပြဿ နာဖြေရှင်းတာ အပြင် အခြား လုပ်ငန်းတွေကိုလည်း လုပ်ကိုင်သွားဖို့ ရှိတယ် လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြော ပါတယ်။
ဒီအများပိုင် ကုမ္ပဏီဟာ ကနဦးအနေနဲ့ ဆိပ်ကမ်းနဲ့ နီးတဲ့ နေရာတခုခုမှာ ပြည်ပက တင်သွင်းလာတဲ့ ကားတွေ ကို ယာယီထားနိုင်မယ့် Bonded Wearhouse တခု တည်ထောင်သွားမယ်လို့ ရှင်းပြပါတယ်။လက်ရှိ ပြည်ပ ကားတင်သွင်းနေသူတွေအနေနဲ့ ရန်ကုန်ဆိပ်ကမ်းရောက်ပြီး ကားတွေကို အကောက်ခွန် က နှစ်လ ထက်ကျော်ပြီး လက်မခံခြင်း၊ လက်ရှိ လှိုင်သာယာ ကားအရောင်းအ၀ယ် ကွင်းကလည်း သြဂုတ် လ ၁ ရက်နေ့ကစ ကားညအိပ်ထားတာ လက်မခံခြင်း စတဲ့ ပြဿ နာတွေကြုံနေရတယ်လို့ ကားရောင်းဝယ် သူတွေ က ပြောပြကြပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment