Thursday 31 July 2014

မြန်မာနိုင်ငံသည် ဗိုင်ဘာအတွက် အရေးကြီးသည့် ဈေးကွက်တခုဖြစ်

Photo: မြန်မာနိုင်ငံသည် ဗိုင်ဘာအတွက် အရေးကြီးသည့် ဈေးကွက်တခုဖြစ်
Thursday, July 31, 2014

မိုဘိုင်းဆက်သွယ်ရေးစနစ်တခု ဖြစ်တဲ့ ဗိုင်ဘာကို သုံးစွဲသူအရေအတွက် ၅ သန်း ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ဈေးကွက်တခု ဖြစ်တယ်လို့ ဖိုင်ဘာရဲ့ စီအီးအို တယ်လ်မွန် မာကို (Talmon Marco) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်ကို မနေ့က ရန်ကုန်မှာ ရှင်းပြခဲ့ပြီး ဗိုင်ဘာသုံးစွဲသူ မြန်မာတွေအတွက် ပိုပြီး အဆင်ပြေလာအောင်လုပ်ပေးမယ်လို့လည်း ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

imagesဗိုင်ဘာရဲ့ မြန်မာနိုင်ငံဆိုင်ရာ မီဒီယာတာဝန်ခံ ဒေါ်ဝတ်ရည်အောင်က“မြန်မာနိုင်ငံမှာ သုံးလို့ မရသေးတဲ့ ဗိုင်ဘာရဲ့ တခြားလုပ်ဆောင်ချက်တွေ သုံးလို့ရအောင် လုပ်ပေးသွားဖို့ တိုင်ပင်နေပါတယ်။ ပြီးတော့ မြန်မာဘာသာနဲ့ ရေးထားတဲ့ မြန်မာနိုင်ငံသားတွေအတွက် သီးသန့််ရေးထားတဲ့ စတစ်ကာတွေလည်း လုပ်ပေးသွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။

လောလောဆယ်မှာ ရုံးခန်းဖွင့်ဖို့ မရှိသေးပေမယ့် ရေရှည်အစီအစဉ်မှာတော့ ထည့်သွင်းထားပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အင်တာနက်လိုင်းနဲ့ အခမဲ့ ဖုန်းခေါ်နိုင်တာ၊ စာ၊ အသံနဲ့ ဗွီဒီယိုတွေ အခမဲ့ ပို့နိုင်တာကြောင့် မြန်မာနိုင်ငံမှာ သုံးစွဲသူအများဆုံး မိုဘိုင်းဆက်သွယ်ရေးစနစ်တခု ဖြစ်တယ်လို့ သုတေသန အဖွဲ့အစည်းတခု ဖြစ်တဲ့ On Device Research က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့ပါတယ်။

DVB
မိုဘိုင်းဆက်သွယ်ရေးစနစ်တခု ဖြစ်တဲ့ ဗိုင်ဘာကို သုံးစွဲသူအရေအတွက် ၅ သန်း ရှိနေတဲ့ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ဈေးကွက်တခု ဖြစ်တယ်လို့ ဖိုင်ဘာရဲ့ စီအီးအို တယ်လ်မွန် မာကို (Talmon Marco) က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်ကို မနေ့က ရန်ကုန်မှာ ရှင်းပြခဲ့ပြီး ဗိုင်ဘာသုံးစွဲ သူ မြန်မာတွေအတွက် ပိုပြီး အဆင်ပြေလာအောင်လုပ်ပေးမယ်လို့လည်း ကုမ္ပဏီက ကြေညာလိုက် ပါတယ်။

imagesဗိုင်ဘာရဲ့ မြန်မာနိုင်ငံဆိုင်ရာ မီဒီယာတာဝန်ခံ ဒေါ်ဝတ်ရည်အောင်က“မြန်မာနိုင်ငံမှာ သုံးလို့ မရသေး တဲ့ ဗိုင်ဘာရဲ့ တခြားလုပ်ဆောင်ချက်တွေ သုံးလို့ရအောင် လုပ်ပေးသွားဖို့ တိုင်ပင်နေပါတယ်။ ပြီးတော့ မြန်မာဘာသာနဲ့ ရေးထားတဲ့ မြန်မာနိုင်ငံသားတွေအတွက် သီးသန့််ရေးထားတဲ့ စတစ်ကာတွေ လည်း လုပ်ပေးသွားဖို့ ရှိပါတယ်”လို့ ပြောပါတယ်။

လောလောဆယ်မှာ ရုံးခန်းဖွင့်ဖို့ မရှိသေးပေမယ့် ရေရှည်အစီအစဉ်မှာတော့ ထည့်သွင်းထားပါတယ် လို့ လည်း သူက ဆက်ပြောပါတယ်။

အင်တာနက်လိုင်းနဲ့ အခမဲ့ ဖုန်းခေါ်နိုင်တာ၊ စာ၊ အသံနဲ့ ဗွီဒီယိုတွေ အခမဲ့ ပို့နိုင်တာကြောင့် မြန်မာနိုင်ငံမှာ သုံးစွဲသူအများဆုံး မိုဘိုင်းဆက်သွယ်ရေးစနစ်တခု ဖြစ်တယ်လို့ သုတေသန အဖွဲ့အစည်းတခု ဖြစ်တဲ့ On Device Research က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့ပါတယ်။

DVB

No comments:

Post a Comment