ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာတွင် မေ(၂၀)ရက် နံနက်(၅)နာရီခန့်က မြစ်ကြီးနား ဘက်မှ ရွှေဘို ဘက်သို့ ယာဉ်မောင်း ဦးရှောက်မျှင် မောင်းနှင်လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောင်ပေါ်မှ အဝါ ရောင် တိတ်များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံးဟု ထင်ရသော အလေးချိန် (၄၂)ပိဿာ (၆၀) ကျပ်သား ခန့် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
ယာဉ်ပေါ်တွင် ဦးခွန်တာမွန် (၅၄)နှစ်၊ ဦးအောင်သန်း (၄၆)နှစ်၊ ဦးမောင်ဆန်း (၄၂)နှစ် တို့ စီးနှင်း လိုက်ပါ လာသော တိုယိုတာလင်ခရုဇာ အစိမ်းရောက်ယာဉ်အမှတ် ၄ဂ/၆၀၉၉ အားစစ်ဆေးရာ အဝါရောင် တိတ် များဖြင့် ပတ်ထားသော ကျောက်စိမ်းအရိုင်းတုံး၊ အကြီးအသေးရောရာ အလေးချိန် (၄၂)ပိဿာခန့် တွေ့ရှိ သိမ်း ဆည်း ရမိသည်။
ကန့်ဘလူရဲစခန်းသို့ ခေါ်ဆောင်လာပြီး အမှုဖြင့် ဆက်လက်ရှာဖွေခဲ့ရာ ယာဉ် အနောက်ခန်းအတွင်း မှ ကျောက် စိမ်း အရိုင်းတုံး (၁)ထုပ်၊ အလေးချိန် (၆၀)ကျပ်သားခန့် ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိသည်။ ဦးရှောက်မျှင် အပါအဝင် (၄)ဦးတို့အား ကန့်ဘလူရဲစခန်း (ပ)အမှတ် ၁၄၀/၂၀၁၄ မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ ပုဒ်မ ၄၂(က) အရ ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
MOI Webportal Myanmar
No comments:
Post a Comment