Monday 19 May 2014

ကင်မရွန်းရှိ တရုတ်အလုပ်စခန်း သူပုန်များ ဝင်ရောက်တိုက်ခိုက်

ကင်မရွန်းနိုင်ငံ မြောက်ပိုင်းရှိ တရုတ်လုပ်ငန်းခွင်တစ်ခုကို ဘိုကိုဟာရမ် သူပုန်များဟု ယူဆရသော လက် နက်ကိုင်လူတစ်စုက သောကြာနေ့တွင် တိုကိုက်ခ်ခိုကိုက်၍ အနည်းဆုံး ၁၀ ဦးကို ပြန်ပေးဆွဲသွား သည်ဟု ယုံကြည်ရကြောင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက စနေနေ့တွင်ပြောသည်။
ဘိုကိုဟာရမ်သူပုန်များ၏ အမာခံခြေကုပ်စခန်းရှိရာ စမ်ဘီဆာတောအုပ်နှင့် နီးကပ်သော နိုင်ဂျီးရီးယား နယ်စပ်မှ ၁၂ မိုင်ဝေးသည့် ဝါဇာမြို့ အနီးရှိအလုပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း ယောင်းဒဲရှိ တရုတ် သံရုံးကအတည်ပြုသည်။ လွန်ခဲ့သည့်လတွင် နိုင်ဂျီးရီးယားနိုင်ငံ မှကျောင်းသူ၂၀၀ကျော်ကို အစ္စလာမ္မစ် အုပ်စုက ပြန်ပေး ဆွဲခဲ့သည်။ နိုင်ငံခြား တပ်ဖွဲ့များ အကူအညီဖြင့်နိုင်ဂျီးရီးယားတပ်ဖွဲ့များသည် ၎င်းတို့ကို တောအုပ် တစ်ခွင်တွင် ရှာဖွေလျက်ရှိသည်။

သောကြာနေ့ဖြစ်ရပ်သည် ညနေပိုင်းတွင် လျှပ်စစ်မီးပြတ်တောက်ချိန်၌ စတင်ခဲ့ခြင်းဖြစ်ကြောင်း ငါးနာရီကြာ မျှ တိုက်ပွဲ များဖြစ်ပွားခဲ့ကြောင်း ဝါဇာအမျိုးသားဥယျာဉ်အစောင့်တစ်ဦးက ရိုက်တာသတင်းဌာန သို့ ပြော ကြား ခဲ့သည်။

ဖာနော့ဒေသ အုပ်ချုပ်ရေးမှူး ဩဂတ်(စ်)တင်းဖွန်ကာအာဝါက ၎င်းအနေဖြင့် ဘိုကိုဟာရမ်စစ်သွေးကြွများ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းပြောသည်။ ကင်မရွန်းတပ်ဖွဲ့ ဝင်တစ်ဦးသေဆုံး၍ ၁၀ဦး ပြ န်ပေး ဆွဲခြင်း ခံရသည်ဆိုသော သတင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ၎င်းက ပြော သည်။

တစ်ဦးဒဏ်ရာရရှိသည်ဟု တရုတ် တာဝန်ရှိ သူများ၏ ပြောကြား ချက်ကိုဆင်ဟွာသတင်းဌာနက ကိုး ကား ဖော်ပြသည်။ ယင်းဒေသသို့ သွားရောက်လည်ပတ်ခြင်းကို တရုတ်သံရုံးက ဖျက်သိမ်းခဲ့သည်။ တရုတ်နိုင်ငံ၏ ယန်ချောင်ပက်ထရိုလီယန်၏ လက်အောက်ခံ ယန်ချောင်လောင် ဖွံ့ဖြိုးမှု ဦးပိုင် ကုမ္ပဏီက ယင်းဒေသ၌ ရေနံတူးဖော် လျက်ရှိသည်။

ရိုက်တာ
MOI Webportal Myanmar

No comments:

Post a Comment