Friday 25 April 2014

ရခိုင်ပဋိပက္ခအတွက် စစ်တပ်လို အပ်ဆဲလို့ ပြည်နယ် ရဲမှူးကြီး ပြောကြား

ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေ ထပ်မံမဖြစ် ပွားဖို့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အင်အား ကို ဆက်လက်ထားရှိမှာဖြစ်သလို တပ်မတော်သာ မရှိဘူးဆိုရင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ဆိုတာ မဖြစ်နိုင်သေးကြောင်း ပြည်နယ်ရဲမှူးကြီး ဦးနေမျိုးက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်ပြည်နယ်လုံခြုံရေး နဲ့ပတ်သက်ပြီး သံဃာတော်ေ တွ၊ ပြည်နယ် ရဲတပ်ဖွဲ့ ဝင်တွေ၊ စစ်တွေမြို့ခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်နယ် ရဲမှူးကြီး ဦးနေမျိုး က အခုလိုပြောခဲ့တာပါ။

"ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် ကျနော် တို့ရဲတပ်ဖွဲ့ဝင်တွေ မရှိ လို့မပါဘူး၊ တပ်မတော် ဆိုတာလည်း မရှိလို့မရပါဘူး ဘာဖြစ်လို့လည်းဆိုတော့ တပ်မတော် မရှိလို့ရှိရင် ဒီဒေသကြီး ဒီလိုဆက်ပြီး တည်ငြိမ်အေးချမ်းနေဖို့ဆိုတာ အများကြီးခက်ခဲပါတယ် ၊ လက်ရှိအခြေအနေ နဲ့ပေါ့နော်၊ ဘယ်သူ က ဘာမှမလုပ်ပေးဘူးဆိုရင် ပိုသိသာတယ်"

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဒေသခံတွေနဲ့ INGO တွေ အကြားဖြစ် ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ် သက်ပြီး ဒေသ တွင်း ဝင်ရောက် အကူ အညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါ အဝင် နိုင်ငံ တကာ လူမှု အဖွဲ့ အစည်းတွေအနေ နဲ့ နိုင်ငံ တကာစည်းမျဉ်း စည်းကမ်းတွေ လိုက်နာ ဖို့လိုသလို ဒေသရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့တွေကို အလေးထားဖို့ကို လည်း ဆွေးနွေးခဲ့ကြပါတယ်။

RFA Burmese

No comments:

Post a Comment