Thursday 10 April 2014

ယူကရိန်းအရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပမည်

Photo: ယူကရိန်းအရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပမည်
Thursday, April 10, 2014

ယူကရိန်းပဋိပက္ခ တွင် သံတမန်ရေး တိုးတက်မှုရှာ ရန်မျှော်လင့်ချက်ဖြင့် အမေရိ ကန်၊ ဥရောပသမဂ္ဂ၊ ရုရှားနှင့် ယူ ကရိန်းတို့ ရှေ့လာမည့် သီတင်း ပတ်တွင် လေးပွင့်ဆိုင်ဆွေးနွေး ကြမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောကြားသည်။

ယင်း အစည်းအဝေးတွင် ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ ဂျီလက်ဗ်ရော့၊ အီးယူနိုင်ငံခြား ရေးပေါ်လစီအကြီးအကဲ ကက် သရင်းအက်ရှ်တန်နှင့် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အင်ဒရီ ဒက်ရှ်ချီရှားတို့ တက်ရောက်မည် ဟု အီးယူကပြောသည်။

အစည်းအဝေးကို ဥရောပရှိ တိတိကျကျ မသတ်မှတ်ရသေး သော နေရာတစ်ခုတွင် ကျင်းပ မည်ဖြစ်ကာ အခြားအသေးစိတ် အချက်အလက်များကို ဆက် လက်ရေးဆွဲနေဆဲဖြစ်သည်ဟု မစ္စစ်အက်ရှ်တန်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

ယင်းမှ သီးခြားအကြောင်း အရာတစ်ခုတွင် ယူကရိန်းအနေ ဖြင့် ၎င်း၏ အခြေမခိုင်သော စီး ပွားရေးနှင့် နိုင်ငံရေးအခြေအနေ တည်ငြိမ်ရေးလုပ်ဆောင်ရာ တွင် ကူညီရန် အထူးအကူအညီ ပေး ရေးအဖွဲ့ထူထောင်ရန် အီးယူက စီစဉ်နေသည်ဟု ဥရောပသံတ မန်တစ်ဦးက ပြောသည်။

ယူကရိန်းအရေး လေးပွင့် ဆိုင် အစည်းအဝေးအကြောင်း အီးယူက ကြေညာစဉ်မှာပင် ယူ ကရိန်းအရှေ့ပိုင်းတွင် ခွဲထွက် ရေးမတည်ငြိမ်မှုများဖြစ်စေရန် ရုရှားထောက်လှမ်းရေးနှင့် အထူး တပ်ဖွဲ့များက ပါဝင်လုပ်ဆောင် နေသည်ဟု ဂျွန်ကယ်ရီက စွပ်စွဲ ပြောကြားသည်။

‘‘မစ္စစ်အက်ရှ်တန်ဟာ ယူ ကရိန်းတင်းမာမှု လျော့ပါးရေး ရည်မှန်းချက်နဲ့ သံတမန်ရေး ကြိုး ပမ်းအားထုတ်မှု ဆက်လက်လုပ် ဆောင်နေပါတယ်။ သူဟာ လာ မယ့် သီတင်းပတ်အတွင်းမှာ အ မေရိကန်၊ ရုရှား၊ ယူကရိန်း နိုင်ငံ ခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပါ မယ်’’ ဟု မစ္စစ်အက်ရှ်တန်၏ ပြောခွင့်ရ အမျိုးသမီးက ပြော ကြားသည်။   

7daynewsjournal

ဧပြီ ၈ ရက်က ယူကရိန်းပါလီမန်အစည်းအဝေးတွင် အမတ်များ ခိုက်ရန်ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (Valentyn Ogirenko/REUTERS)
ဧပြီ ၈ ရက်က ယူကရိန်းပါလီမန်အစည်းအဝေးတွင် အမတ်များခိုက်ရန်ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (Valentyn Ogirenko/ REUTERS)

ယူကရိန်းပဋိပက္ခ တွင် သံတမန်ရေး တိုးတက်မှုရှာ ရန်မျှော်လင့်ချက်ဖြင့် အမေရိ ကန်၊ ဥရောပသမဂ္ဂ၊ ရုရှားနှင့် ယူ ကရိန်းတို့ ရှေ့လာမည့် သီတင်း ပတ်တွင် လေးပွင့်ဆိုင်ဆွေးနွေး ကြမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောကြားသည်။
ယင်း အစည်းအဝေးတွင် ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ ဂျီလက် ဗ်ရော့၊ အီးယူနိုင်ငံခြား ရေးပေါ်လစီအကြီးအကဲ ကက် သရင်းအက်ရှ်တန်နှင့် ယူကရိန်း နိုင်ငံခြားရေး ၀န်ကြီး အင်ဒရီ ဒက်ရှ်ချီရှားတို့ တက်ရောက်မည် ဟု အီးယူကပြောသည်။

အစည်းအဝေးကို ဥရောပရှိ တိတိကျကျ မသတ်မှတ်ရသေး သော နေရာတစ်ခုတွင် ကျင်းပ မည်ဖြစ်ကာ အခြားအသေးစိတ် အချက်အလက်များကို ဆက် လက်ရေးဆွဲနေဆဲဖြစ်သည်ဟု မစ္စစ်အက်ရှ်တန်၏ ပြော ခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

ယင်းမှ သီးခြားအကြောင်း အရာတစ်ခုတွင် ယူကရိန်းအနေ ဖြင့် ၎င်း၏ အခြေမခိုင်သော စီး ပွားရေးနှင့် နိုင် ငံရေး အခြေအနေ တည်ငြိမ်ရေးလုပ်ဆောင်ရာတွင် ကူညီရန် အထူးအကူအညီ ပေး ရေးအဖွဲ့ထူထောင်ရန် အီးယူက စီစဉ်နေသည်ဟု ဥရောပသံတ မန်တစ်ဦးက ပြောသည်။

ယူကရိန်းအရေး လေးပွင့် ဆိုင် အစည်းအဝေးအကြောင်း အီးယူက ကြေညာစဉ်မှာပင် ယူ ကရိန်းအရှေ့ ပိုင်းတွင် ခွဲထွက် ရေးမတည်ငြိမ်မှုများဖြစ်စေရန် ရုရှားထောက်လှမ်းရေးနှင့် အထူး တပ်ဖွဲ့များက ပါဝင် လုပ်ဆောင် နေသည်ဟု ဂျွန်ကယ်ရီက စွပ်စွဲ ပြောကြားသည်။

‘‘မစ္စစ်အက်ရှ်တန်ဟာ ယူ ကရိန်းတင်းမာမှု လျော့ပါးရေး ရည်မှန်းချက်နဲ့ သံတမန်ရေး ကြိုး ပမ်းအားထုတ်မှု ဆက်လက်လုပ် ဆောင်နေပါတယ်။ သူဟာ လာ မယ့် သီတင်းပတ်အတွင်းမှာ အ မေရိကန်၊ ရုရှား၊ ယူကရိန်း နိုင်ငံ ခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပါ မယ်’’ ဟု မစ္စစ်အက်ရှ်တန်၏ ပြောခွင့်ရ အမျိုးသမီးက ပြော ကြားသည်။

7daynewsjournal

No comments:

Post a Comment