အိန္ဒိယနိုင်ငံ သည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမ ဦးဆုံးသော လေယာဉ်တင် သင်္ဘောကို လေ လံ ပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ
မှ ၁၉၅၇ ခုနှစ်က ၀ယ်ယူခဲ့သော ၄င်းသင်္ဘောကို အိန္ဒိယနိုင်ငံ က ၁၉၇၁ ခုနှစ်
အတွင်း က ဖြစ်ပွားခဲ့သော အင်ဒို - ပါကစ္စတန် စစ်ပွဲအတွင်းက ပါကစ္စတန်
အရှေ့ပိုင်းရှိ ရေကြောင်း ပိတ်ဆို့မှုများ လုပ်ဆောင် ရာတွင် အဓိကကဏ္ဍ
တစ်ရပ်အဖြစ် အသုံးပြု ခဲ့ကြောင်း သိရသည်။
အိန္ဒိယ ရေတပ်မှ
ရောင်းချခဲ့သော ၄င်း သင်္ဘောကို I.B Commercial Pvt ကုမ္ပဏီက ၀ယ်ယူခဲ့ပြီး
ရက်ပေါင်း ၃၀ အတွင်း ငွေပေးချေ သွားမည် ဖြစ်ကြောင်း သိရသည်။
INS
Wikrant သင်္ဘောသည် ၁၉၉၇ ခုနှစ် ဇန်န၀ါရီလပိုင်းက ၄င်းထမ်းဆောင်ခဲ့သည့်
တာဝန်များကို အဆုံး သတ် ခဲ့ပြီးနောက် သင်္ဘောကို အာဏာပိုင် များက
မွမ်ဘိုင်းမြို့ Cuffe Parade ရှိ သင်္ဘောပြတိုက် တစ်ခု၌ ၂၀၁၂
ခုနှစ်တိုင်အောင် ပြသခဲ့ပြီး လုံခြုံမှုမရှိသောကြောင့် နောက်ပိုင်းတွင်
ယင်းကဲ့ သို့ ရောင်းချ ခဲ့ခြင်း ဖြစ်ကြော င်း သိရှိရသည်။ (Xinhua )
Themyawadydaily
No comments:
Post a Comment