ပုဂံဒေသမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) က ကူညီဖို့ အတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနဲ့ ဧပြီ ၁၀ ရက် ဒီနေ့မှာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးလိုက်ပါတယ်။
ဒီ စီမံကိန်းကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ အကြား လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားတွေ အသွားအများဆုံးဖြစ်တဲ့ ပုဂံဒေသဟာ ဒီကနေ့အချိန်ထိ ကုလ သမဂ္ဂ ယူနက်စကိုရဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသ တခုအဖြစ် သတ်မှတ်ထားခြင်း မခံရသေး ပါဘူး။
DVB
No comments:
Post a Comment