တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မြို့ပေါ်ရပ်ကွက် များတွင် ရေလိုက်လံ ရောင်းချပေးနေ သည့် ရေ ကားများသည် ယခုနှစ် နွေရာသီတွင် ရေတွင်းများမှ ရေအရ နည်းသောကြောင့် ကော့သောင်းမြို့ ရွှေ ဇင်ယော်ရပ်ကွက်ရှိ ယင်းဝါ ရေလှောင်တမံမှရေကို ဝယ်ယူရောင်းချနေကြ ရကြောင်း ရေ ကားဖြ င့် ရေရောင်း ချသူများထံမှ သိရသည်။
ကော့သောင်းမြို့တွင် ဒေသခံများသည် ယင်းဝါရေကို ထိုက်သင့်သည့် သန့်ရှင်းမှု မရှိဟုဆိုကာ ရေအရှား ဆုံး အချိန်မှသာလျှင် သုံးစွဲလေ့ ရှိသည်။
ယင်းဝါ ရေလှောင်တမံမှ ရေကို ဂါလန် ၅၀၀ ဆံ့ ရေကားတစ်ကားလျှင် ၂၀၀၀ ကျပ်ဖြင့် ဝယ်ယူပြီး ဂါလန် ၅၀ ဆံ့ တစ်တိုင်ကီကို ၆၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချကြကြောင်း ရေကားမောင်းသူ ဦးမောင်ဝင်းက ဆိုသည်။
“ထည့်နေကျ ဖောက်သည်တွေက ယင်းဝါရေ မထည့်ဘူးဆိုရင် မြို့တွင်းမှာ ရေမရှိတဲ့ အချိန်ဆို ၈ မိုင်မှာရှိ တဲ့ ရေတွင်းတွေမှာ ရေတစ်ကားကို ၄၀၀၀ ကျပ်နဲ့ ဝယ်ပြီး တစ်တိုင်ကီ ၈၀၀ ကျပ်နဲ့ ပြန်ရောင်းတယ်” ဟု ၎င်းကဆိုသည်။
ယင်းဝါ ရေလှောင်တမံမှ ရေကို သင်္ကြန်မတိုင်ခင်ကတည်းက ဝယ်ယူ ရောင်းချနေရကာ လက်ရှိ တွင် ရေကန်မှာ အတော်ခန်းနေပြီ ဖြစ်ပြီး နောက်နှစ်များတွင် ရေ ပိုမို သိုလှောင်နိုင်ရန်အတွက် ကန် ချဲ့နေကြောင်း ရေကားမောင်းသူများက ပြောကြားသည်။
(Dawei Watch)
The Voice Weekly
No comments:
Post a Comment