အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းက ရှီးယားမွတ်စလင်ရပ်ကွက်နားက ဈေးမှာ ကားဗုံး ၁ လုံး ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပေါက်ကွဲခဲ့တဲ့အတွက် အနည်းဆုံး လူ ၉ ဦး သေဆုံးတယ်လို့ ရဲတွေက ပြောပါတယ်။
အယ်လ်ဆာဒါမြို့မှာ ဖြစ်တဲ့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦး ဒဏ်ရာရခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဈေး ဆိုင် တချို့လည်း ထိခိုက်ခဲ့ပါတယ်။
နိုင်ငံအနောက်ပိုင်း အန်ဘာခရိုင်က အယ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ အုပ်စုတွေကို နှင်ထုတ်ဖို့ တိုက်ပွဲ ဆင်နွှဲနေဆဲဖြစ်ပြီး အကြမ်းဖက်မှုတွေကတော့ တိုးပွားနေဆဲပါ။
ဒါပေမယ့် အီရတ်ဒီမိုကရေစီအတွက် အဓိက စမ်းသပ်ချက်လို ဖြစ်နေတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဆက် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment