တောင်အာဖရိက
ရှိသပိတ် မှောက် ဆန္ဒပြ နေသည့် ပလက်တီနမ် သတ္တုတွင်း အလုပ်သမား များသည်
၎င်းတို့ လုပ်ကိုင်နေသည့် ကုမ္မဏီများက (၇) ရာခိုင်နူန်း လုပ်ခ လစာ
တိုးမြှင့်ပေးရန် ကမ်းလှမ်း ချက်ကို ကြာသာပတေးနေ့တွင် ပယ်ချလိုက်ကြောင်း
သိရသည်။
Friday, 31 January 2014
ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး
မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ် ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘော လုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။
မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့
မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကား လမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ်ထား သောကြောင့် နှစ်နိုင်ငံပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော်သမ္မတက ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ် လွှာ ပေးပို့ လိုက်သည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရေးပါသည့် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း ဗြိတိန်ဝန်ကြီး ပြောကြား
မြန်မာနိုင်ငံသို့
ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေသော အာရှဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေး
ဝန်ကြီး Hugo Swire က ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်
ကူးပြောင်းရေး သည် အားတက်ဖွယ် ရာ ဖြစ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရမည့်
ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်း ချမ်းရေး
လုပ်ငန်းစဉ်များသည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဇန်န၀ါရီ ၃၀ ရက်က
ဗြိတိသျှကောင်စီ တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
ပျူမြို့ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု
BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။
Thursday, 30 January 2014
ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ
ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြား ခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ခန့်တွင် KIA အဖွဲ့ဝင်များမှ ပြင်းထန်စွာ ထိုးကြိတ်ရိုက်ပုတ်နှိပ်စက် ပြီး ငွေခြောက်သောင်း တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ပြည်သူ့အတွက် အကျိုးရှိတဲ့ ဟောပြောမှုသာ ဖြစ်ပါစေ
အခုတလော
၈၈မျိုးဆက် (ငြိမ်း/ပွင့်) မှ ကိုမင်းကိုနိုင်တစ်ယောက် စာပေဟောပြောပွဲတွေ
အတော်လေး စိတ်နေတာ တွေ့ရပါတယ်။ စာပေဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့်
ပြည်သူလူထုအတွက် အသိဥာဏ် ဗဟုသုတ တိုးပွားစေတဲ့အတွက် စာပေဟောပြောပွဲတွေ
များများပြုလုပ်နိုင်လေ ပြည်သူလူထုအတွက် အကျိုးရှိ လေလေ
ဖြစ်ပါတယ်။စာပေဟောပြောပွဲ တွေကနေ ပြည်သူတွေ အသိဥာဏ် တိုးပွားရုံသာမက တိုင်းပြည် အတွက်လည်း အပေါင်းလက္ခဏာ ဆောင်ပါတယ်။
၄၅ ရက် သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီး ကျင်းပမည်
မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နွယ်ခွေရပ်ကွက် ဗိုလ်တေဇလမ်း ဇေယျာသီရိကျောင်း သစ္စာဥာဏ်ပွင့် ဓမ္မ ရိပ်သာ၌ သံဝေဂ ဆရာတော် အရှင်သောမ၏ သမထ ဝိပဿနာ အထူး တရားစခန်းပွဲကြီးကို ဖေဖော်ဝါရီ ၁၈ ရက်မှ ဧပြီ ၃ ရက် အထိ ၄၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြင်သာ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနရုံး၌ အာမခံရုံးခွဲ လာရောက် ဖွင့်လှစ်မည် ဆိုပါက နေရာ စီစဉ်ပေးမည်
ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြင်သာကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ရုံးတွင် အာမခံရုံးခွဲ လာရောက် ဖွင့်ပေးမည်ဆိုပါက နေရာစီစဉ်ပေးမည်ဖြစ်ကြောင်း မြင်သာ က-ည-န ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
Monday, 27 January 2014
Look Younger Secrets အသက်ရပေမဲ့ ဆက်လှချင်သလား
• Start With Primer (ပရိုင်မာ) အခြေခံက စပါ
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။
ကမ္ဘာ့သရဲအခြောက်ဆုံးနေရာ စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အိမ်ဖြူတော်
အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့် ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
Friday, 24 January 2014
ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ
ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်း အဓမ္မကောက်ခံ လျှက် ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။
Wednesday, 22 January 2014
၂၀၁၄ သန်းခေါင်စာရင်းနှင့် မကျေလည်သေးသည့် မျိုးနွယ်စုပြဿနာ
မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအဖို့ အကျပ်ရိုက်နိုင်လောက် သည့် မေးခွန်းတစ်ခုကို ဖြေကြား ရတော့ မည်ဖြစ်သည်။
အိမ်ထောင်ရေးနဲ့ ပတ်သက်ရင် ကံတရားပေါ်မှာ အားယူထားတယ်လို့ ဆိုတဲ့ နေတိုး
မကြာသေးခင်ကမှ ဖန်ဆင်းရှင်ဆိုတဲ့ တေးစီးရီးကို အဆိုတော်ရိန်မိုးနဲ့ထွက်ရှိခဲ့ပြီး၂၀၁၄ထဲမှာ အမ်တီဗီ ထွက်နိုင်အောင်ကြိုးစားရိုက်ကူးသွားမယ်ဆိုတဲ့ နေတိုးက နှင်းဆီအဖွဲ့နဲ့ ပြည်ပဖျော်ဖြေရေးတွေလဲ ရှိတာကြောင့် ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက်မေးမြန်းဖြစ်တဲ့အခါ သူက ‘အခုရိုက်နေတဲ့ ကားလေးက ဗီးနပ်စ်ရဲ့ ပန်းသီးတဲ့။ မင်းသမီးက အိချောပို၊ ဒါရိုက်တာက ဦးဒေါနပါ။ ရိုမန့်စ် ဒရာမာလေးပေါ့။ အစ်ကိုက ဒီထဲမှာ ဆရာဝန်တစ်ယောက်ပါ’တဲ့။
Tuesday, 21 January 2014
ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ။ ။ ။
တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။
ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ
တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
Thursday, 16 January 2014
လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် ဒဏ်ရာရ လူနားအချို့ ဒဏ်ရာရ လူနားအချို့
ဧရာဝတီတိုင်းဒေသကြီး
လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇
နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ်
အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ
ရှမ်းပြည်နယ်မှာရှိတဲ့
ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း)
မြို့နယ်(၆ )မြို့နယ်ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့် သွင်း သတ်မှတ်ထားပါတယ်။
သာသနာပြုခြင်းကို လူမှုရေးလုပ်ငန်းနှင့် တွဲလုပ်ခြင်းဖြင့် အမျိုးစောင့်နိုင်ဟု သီတဂူဆရာတော် အရှင်ဉဏိဿရမိန့်
ရဟန်းသံဃာတော်ပေါင်း သောင်းချီတက်ရောက်သော မန္တလေး သံဃညီလာခံတွင် သီတဂူဆရာတော် အရှင်ဉဏိဿရက အမျိုးဘာသာ သာသနာအရေးများနှင့် ပတ်သက်ပြီး သဘောထားများကို မိန့်ကြားခဲ့ သည်ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။
ကားပေါ်တွင်ဆေးကုသမှုပေးမည့် NLD ကျန်းမာရေးကွန်ရက်၏ လူနာတင်ယာဉ် ဧပြီတွင် စသုံးမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမျိုးသားကျန်းမာရေးကွန်ရက်၏ အရေးပေါ် ဆေးကု သမှုပြုလုပ် နိုင်သော (Emergency Medical Service) လူနာတင်ယာဉ်ကို လာမည့် ဧပြီလကုန်ပိုင်းတွင် စတင်အ သုံးပြုနိုင်ရန် စီစဉ်နေသည်ဟု ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
လားရှိုးမြို့က အမျိုးသမီးငယ်ကို တရုတ်နိုင်ငံသို့ရောင်းစားသူ ဖမ်းမိပြီ
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံရှိ သစ်ခွခြံတွင် အလုပ်ရမည်ဟု စည်း ရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ မခင်သန်းမြင့်ကို အရေးယူပေးရန် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဖမ်းမိပြီဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် သမ္မတ မျှော်မှန်း
လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၄-၂၀၁၅) ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် နိုင်ငံတော်သမ္မတက ၎င်း၏အမျိုးသားစီမံကိန်းတွင် မျှော်မှန်းထားသည့်အချက်မှာ ဇန်န၀ါရီ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ကိုယ်စား လာရောက်တင်ပြသည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၏ ရှင်းလင်းပြောဆိုမှု၌ ပါဝင်သည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လျာထား တောင်းခံခြင်းလည်း ဖြစ်သည်။
NLD လူငယ်များ အခက်အခဲကို ကိုယ်တိုင်ဖြေရှင်းရန် ဒေါ်စုပြော
NLD လူငယ်ညီလာခံကျင်းပရန် ကြုံတွေ့ရသည့်အခက်အခဲများကို လူငယ်များကိုယ်တိုင် ဖြေရှင်းကြရန် လုပ်ပိုင်ခွင့် အပြည့်အ၀ပေးထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မဇ္ဈိမကို ပြောသည်။
နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ရမည်
ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု နှေးကွေးနေသေးသည့် မြန်မာနိုင်ငံတွင်၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံခြား ဘဏ်များ စတင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။
မျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းသည်ထိ ဆောင်ရွက်မည်ဟု သံဃာ့ညီလာခံ ထုတ်ပြန်
မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေး တွင် ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည် သံဃာ့ညီလာခံက အချက် ၁၁ ချက်ပါ ကြေညာချက်တစ် စောင်ကို ဇန်န၀ါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။
ကျူးကျော်များနှင့် ဒေသခံများ အပြန်အလှန်ရိုက်နှက်၊ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ထိန်းသိမ်း
လှိုင်သာယာ-တွံတေး တံတားအနီး ပန်းလှိုင်မြစ်ဘေး ကျူးကျော်တဲထိုးနေထိုင်သူများနှင့် ကျူးကျော်တဲ များကို ဖျက်သိမ်းသူ ဒေသခံရွာသားများအကြား အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားလာသည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ထောင်ပစ်ကာ လူစုခွဲပြီး ကျူးကျော်နေထိုင်သူအချို့ကို ခေတ္တထိန်းသိမ်းထားသည် ဟု တာဝန်ရှိသူများက မဇ္ဈိမကို အတည်ပြုပြောသည်။
မူးယစ်ဆေးပြဿနာတွင် အိမ်သုံးဆေး တရားမ၀င်သယ်ဆောင်ခြင်းလည်း ပါဝင်နေ
ပြည်တွင်းတွင် ဖြစ်ပွားနေသော မူးယစ်ဆေးပြဿနာများတွင် ဆူဒိုအက်ဖီဒရင်းပါဝင်သည့် အိမ်သုံးဆေး များ တရားမ၀င်သယ်ဆောင်ခြင်းက အဓိက ခြိမ်းခြောက်မှုများဖြစ်နေသည်ဟု မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ဇန်န၀ါရီ ၁၅ ရက်တွင် ပြောသည်။
သမ္မတအရည်အချင်းသတ်မှတ်ချက် စစ်ရေးအမြင်ရှိရုံဖြင့် မပြည့်စုံ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဖြစ်သည့် သမ္မတလောင်းအရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် စစ်ရေးအမြင်ရှိရမည်ဆိုသည်မှာ ပြည့်စုံမှုမရှိကြောင်း၊ ၎င်းပုဒ်မကို ရွေးချယ်မှု သုံးခုတို့ဖြင့် တဖြည်းဖြည်းပြင်သွားနိုင်ရန် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုစာ တင်သွင်းခဲ့သော ပြည် ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သူရဦးအောင်ကိုက မဇ္ဈိမသို့ ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်ဖြစ်ပေါ်လာရေး သင်ထောက်ကူပစ္စည်းများသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်
ပညာရေးကဏ္ဍတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ရုပ်ပတ်ဝန်းကျင် ကောင်းများ ဖြစ်ပေါ်လာရေးအတွက် သင်ထောက်ကူပစ္စည်းများသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေ သည်ဟု ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ဖြည့်ဆည်းရေးအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် (၂)ဖြစ်သူ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရည်က မဇ္ဈိမကို ပြောသည်။
သဘာဝသယံဇာတထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး ဧရာဝတီတွင် တိုင်းအဆင့်ဖွဲ့စည်း
သဘာဝသယံဇာတတူးဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ရေး အရပ်ဘက် လူမှုအဖွဲ့အ စည်းများ အမြင်ဖွင့်ခြင်းနှင့် ဧရာဝတီတိုင်း အမှုဆောင်ကော်မတီဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ပုသိမ်မြို့၊ ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ရုံးတွင် ဇန်န၀ါရီလ ၁၄ ရက်နှင့် ၁၅ ရက်က ကျင်းပခဲ့သည်။
RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ် တာဝန်မှ အနားယူလို
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတပ်မတော်ဟု လူသိများသလို ရှမ်းပြည် တောင်ပိုင်း တပ်မ တော်ဟုလည်း လူသိများသည့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်က မိမိ၏နေရာကို ၀င် ရောက် တာဝန်ထမ်းဆောင်မည့် ခေါင်းဆောင်ရှိခဲ့ပါက RCSS/SSA ဥက္ကဋ္ဌအဖြစ်မှ အနားယူလိုသည်ဟု ဌာနချုပ်၌ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။
အလုပ်ရပ်စဲမှုဆိုင်ရာညွှန်ကြားချက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကန့်ကွက်မည်
အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အလုပ်ရပ်စဲမှုဆိုင်ရာ ဆောင်ရွက်ရန် ညွှန် ကြားချက်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ (ယာယီ) အနေဖြင့် ကန့်ကွက်စာပေးပို့သွား မည်ဟု ဇန်န၀ါရီ ၁၅ ရက်တွင် ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ယာယီ)ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားသမဂ္ဂ(ယာယီ) ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။
တစညပါတီ ၁၈၉ မြို့နယ်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း တစ်ဦးစီ ၀င်ပြိုင်မည်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အ နည်းဆုံး ၁၈၉ မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး တစ်မြို့နယ် အမျိုးသမီးကိုယ်စားလှယ် တစ်ဦးစီ ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းရီက မဇ္ဈိမကို ဇန်န၀ါ ရီ ၁၅ ရက်တွင် ပြောသည်။
★ ★ ★ ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒ ★ ★ ★ (ကောက်နှုတ်ချက်အချို့)
၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
“ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်”
တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။
ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမိုပျော်ရွှင်နေ တတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။
ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမိုပျော်ရွှင်နေ တတ်ကြတာဟာ အောက်ပါ အကြောင်းတွေကြောင့်ပါ။
(၁) 'အကောင်းမြင်တတ်ပါတယ်'
+++++++++++++++++++++
+++++++++++++++++++++
Tuesday, 14 January 2014
အင်တာနက်မှာ ပျံ့နေတဲ့အိပ်ယာထက်ပေါ် ဘီကီနီဝတ်ပြီး ရင်သားဖော်ထားတဲ့ ပုံကိစ္စနဲ့ ပတ်သက်ပြီး မြန်မာမော်ဒယ် ယုသန္တာတင် ဖြေရှင်း
အပေါ်က ပုံဟာ အွန်လိုင်းမှာ ယုသန္တာတင်ရဲ့ Sexy ပုံဆိုပြီး ပျံ့နေပါတယ်။ အိပ်ယာပေါ်မှာ ဘီကီနီလေးဝတ် ရင်သားလေးကို မဟတဟဖော်ပြပြီး Sexy ကျကျနှုတ်ခမ်းစူပြီး ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံရိုက်ခံနေတဲ့သူက တကယ်တော့ မြန်မာဆန်ဆန်လှလို့လူချစ်လူခင်များတဲ့ ယုသန္တာတင်မဟုတ်ပါဘူး။ သူနဲ့ ရုပ်ချင်းအင်မတန်ဆင်တဲ့ အင်ဒိုနီးရှားက ၁၆ နှစ်သာရှိသေးတဲ့ တီနာဆိုတဲ့ကောင်မလေးရဲ့ ပုံဖြစ်ပါတယ်။
Monday, 13 January 2014
မြန်မာပြည်က တမလမ်းတုံးကြီးတွေ ဇိမ်ခံကားစီးပြီး တရုတ်ပြည်သွားနေ
ဇိမ်ခံကားတွေ ဈေးကျလာတော့ လူတွေတင်မက ရုပ်ဝတ္ထုပစ္စည်းတွေပါ ဇိမ်ခံကားစီးလာကြရပြီပေါ့ ။ တရုတ်ပြည်မှာ ဈေးကောင်းရတဲ့ ပစ္စည်းဆိုရင် ဇိမ်ခံကား စီးကြရစမြဲပါ ။ ခရီးသည်တင်ရင် မကိုက်ဘူး ။
Sunday, 12 January 2014
တောင်ကြီးသတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာစီရင်ပေးရန် သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် တောင်းဆို
သျှမ်းပြည်မြို့တော်
တောင်ကြီးရှိ သျှမ်းသံတော်ဆင့်သတင်းထောက် တဦးအကြမ်းဖက် ခံရ သည့် အပေါ်
ငြိမ်းချမ်းသောနည်းဖြင့် တရားမျှတ စွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော်ဆင့်
သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်းက
တောင်းဆို လိုက်ပါသည်။
Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့် ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။
ရန်ကုန်တက္ကသိုလ် တစ်ကျော့ပြန် ခေတ်ဆန်းနိုင်မည်လော
နှစ်ပေါင်း ၂၀ ကျော်ကြာ သော့ခတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်၏ တံခါးများ ဖွင့်လိုက် သည်ကို အားလုံး က ဝမ်းသာ ကြိုဆိုခဲ့ကြသည်။
Saturday, 11 January 2014
နိုင်ငံတော် သံဃနာယက ဒုတိယ ဥက္ကဋ္ဌ ဈာပန ၁၀ ရက် ထားရှိပူဇော်မည်
ရှေးမြန်မာ ဘုရင်များ၏ ဥယျာဉ် နေရာတွင် တည်ထားခဲ့သည့် မန္တလေး မစိုးရိမ်တိုက်ဟောင်း မဟာနာယက ဖြစ်တော်မူသော တိပိဋကပါဠိ-မြန်မာအဘိဓာန် ပြုစုထုတ်ဝေရး ဥက္ကဋ္ဌ တာဝန် ယူခဲ့သော နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌ ဂုရု ဘဒ္ဒန္တတေဇောသာရာဘိဝံသသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ရာ ယင်းဈာပနကို မစိုးရိမ်တိုက်ဟောင်းတွင် ၁၀ ရက်ထားရှိ ပူဇော်မည် ဖြစ်ကြောင်း မန္တလေးခရိုင် သာသနာရေးမှူး ဦးကျော်လှိုင် က ပြောကြားသည်။
အခမဲ့ အလယ်တန်းပညာရေးစနစ် လာမည့်နှစ် စတင်မည်
အစိုးရသစ် လက်ထက်တွင် ပညာရေး အသုံးစရိတ်များ ဆက်တိုက် တိုးမြှင့်ထားသည့် အတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေး စနစ်ကို စတင် အကောင် အထည် ဖော်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။
Friday, 10 January 2014
စုဖိရားလတ်ရဲ့ မာနအကြောင်း တစေ့တစောင်း
. စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..
လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...
ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။ ♦
လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...
ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။ ♦
မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးစားခြင်းက စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခများ ပိုမိုကြီးထွားအောင် တွန်းအားပေးနေဟုဆို
ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကုမ္ပဏီ(ACHC)က လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာ ထုတ်ပြန်လိုက်ရာ ကချင်လူမှုဖွံ့ဖြိုး ရေးကွန်ရက်အဖွဲ့ (KDNG)က ကန့်ကွက်လိုက်ပြီး မြစ်ဆုံရေကာတာ ပြန်လည်စတင်ရန် ကြိုးစားခြင်း သည် စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခ ပိုမိုကြီးထွားစေကြောင်း ဇန်န၀ါရီလ ၈ ရက်တွင် ကြေညာချက်ထုတ် ကာ ပြန်လည်တုံ့ပြန်လိုက်သည်။
ကယားပြည်နယ် ခရီးသွားဖွံ့ဖြိုးရေး အထင်ကရနေရာများ ပြန်ပြင်မည်
ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထင်ကရနေရာများကို ပြုပြင်မည်ဖြစ်ပြီး ပြည်ပ ခရီးသွားလုပ်ငန်းများဖော်ဆောင်မည်ဟု ကယားပြည်နယ် အစိုးရ၀န်ကြီးဦးစိန်ဦးက ဇန်န၀ါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဧရာဝတီတိုင်းရှိ လယ်ယာမြေပြဿနာ တိုင်းအစိုးရ တစ်ရာခိုင်နှုန်းပင် မဖြေရှင်းနိုင်ဟု NLD လွှတ်တော်အမတ် ဝေဖန်
ဧရာဝတီတိုင်းတစ်ခုလုံး၏ လယ်ယာမြေပြဿနာများကို တိုင်းအစိုးရဖြေရှင်းပေးမှုမှာ တစ်ရာခိုင်နှုန်း ပင်မရှိဘဲ လယ်ယာမြေပြဿနာအသစ်များပင် ထပ်မံပေါ်ပေါက်နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) မှ တစ်ဦးတည်းရှိသည့် ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးက ဝေ ဖန်လိုက်သည်။
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ
ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
Monday, 6 January 2014
3.1.2014 to 9.1.2014 ထိ ၇ရက်ဟောစာတမ်း
တနင်္ဂနွေ
ရည်ရွယ်ချက် မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ
ပေါ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့်
စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။
လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊
ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။
ရှယ်ယာတစ်ခုအောင်မြင်မည်။
အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။
ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲခြင်း အကြီးမားဆုံးအန္တရာယ်ဟု လေ့လာသူများ သုံးသပ်
ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းသုံးစွဲခြင်းသည် အကြီးမားဆုံးအန္တရာယ်တစ်ရပ်ဖြစ်သ ည်ဟု အင်္ဂလန် နိုင်ငံ ထုတ် ဆေးဝါးဂျာနယ်တစ်စောင်မှ လေ့လာချက်အသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသ ည် ယာဉ်တိုက်မှုအန္တရာယ်နှင့် ယာဉ်တိုက်လုနီးပါးအခြေအနေဖြစ်ပေါ်မှုကို သာမန်ထက်ရှစ်ဆခန့် ပိုမိုများပြားစေနိုင်သည်ဟု လေ့လာမှု တွင် ဖော်ပြထားသည်။ သုတေသီများသည် ဗာဂျီနီးယားအနောက်တောင်ပိုင်းမှ
ဆယ်ကျော်သက် အရွယ် လိုင်စင်ရထားပြီးသား ယာဉ်မောင်း ၄၂ ဦးနှင့်
ဝါရှင်တန်မှအတွေ့အကြုံရှိသည့် မော်တော်ကား မောင်းသူ ၁၀၉ ဦးတို့ထံမှ
ယာဉ်မောင်းဆိုင်ရာ အချက်အလက်များကို ၁၂ လမှ ၁၈ လကြာအထိ စု
ဆောင်းကောက် ယူခဲ့ကြသည်။
ကားတစ်စီးအား မောင်းနှင်နေစဉ်တွင် ဆဲလ်ဖုန်းခေါ်ဆိုမှုပြုလုပ်ခြင်းသ
သမ္မတက ကျပ်သိန်းသုံးထောင် မဲဖောက်ပေးသည်ဟုဆိုကာ ငွေလိမ်တောင်း
နိုင်ငံတော်၏ ၂၀၁၃ ဘဏ္ဍာနှစ်အချုပ် ငွေတွင် ပိုငွေသိန်း ၃၃၀၀ ကို
ပြည်သူများအတွက် မဲဖောက်ပေး သည်ဟုဆိုကာ ငွေလိမ်လည်ရန် ကြိုးပမ်းမှုတစ်ခု
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ သည်ဟု လိမ်လည်ခံရသူ
မခင်မိုးက ဒီဇင်ဘာ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် လိမ်လည် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘဏ္ဏာငွေများအား နိုင်ငံတော်မှ ချထားပေးသော ဖုန်းနံပါတ်များ မဲဖောက်ပေးခဲ့ရာတွင် ဖုန်း ပိုင်ရှင် သုံးဦးမဲပေါက်ခဲ့သည့်အတွက် တစ်ဦးလျှင် သိန်း ၁၁၀၀ ကျပ်စီ ရရှိမည်ဖြစ်ပြီး နိုင်ငံတော်သို့ အခွန်ငွေအဖြစ် ကျပ် ၂၂ သိန်းကို ပြန်လည်ပေးသွင်းရမည်ဟုဆိုကာ ဇန်န၀ါရီ ၂ ရက်တွင် ဖုန်းဖြင့် ဆက်သွယ် လိမ်လည် ခဲ့ခြင်းဖြစ်သည်။
3.1.2014 to 9.1.2014 ထိ ၇ရက်ဟောစာတမ်း
တနင်္ဂနွေ
ရည်ရွယ်ချက် မရှိဘဲ အလုပ်တစ်ခု လုပ်ဖြစ်မည်။ လက်ရှိ အလုပ် အတိုက်အခံ
ပေါ်မည်။ မမျှော်လင့်သော ခရီးတစ်ခု ထွက်ဖြစ်မည်။ ချစ်သူ ၁ယောက် နှင့်
စိတ်ဝမ်းကွဲမည်။ မိသားစု၏ အပြစ်တင်ခြင်းခံရမည်။ လူယုံမထားရ။
လူပေါင်းမှားမယ်။ စကားပြောဆင်ခြင်ပါ။ စက် ၊ မြေ ၊ အိမ်များ ပြောင်းလဲ ၊
ရောင်းဝယ် ၊ ပြုပြင်မှု့တွေ ဖြစ်မည်။ လုပ်ငန်းသစ်တစ်ခု လုပ်ဖြစ်မည်။
ရှယ်ယာတစ်ခုအောင်မြင်မည်။
အကျိုးပေးဂဏန်းမှာ - ၉၊ ၆၊ ၃။
ဥပဒေများ ပြည်သူကတစ်ဆင့် ပြဋ္ဌာန်းရန်လိုဟု ၈၈ အဖွဲ့ဆို
ရန်ကုန်၊ ဇန်န၀ါရီ ၅။ နိုင်ငံနှင့်လူမျိုးအတွက် ဥပဒေများပြဋ္ဌာန်းရာတွင်
ပြည်သူ့အတွက် အာမခံချက်ပေးနိုင် ရန်သာမက အဆိုပါ ဥပဒေပြဋ္ဌာန်းချက်များသည်
ပြည်သူလူထုကိုယ်တိုင် ပြဋ္ဌာန်းခွင့်ရရန်လိုပြီး ပြည်သူကို
ပိတ်ပင်တားဆီးရာရောက်နေသည့် ဥပဒေများသည်လည်း မလိုအပ်တော့ကြောင်း ၈၈
မျိုးဆက် ကျောင်း သားခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ထောက်ပြ
ပြောဆိုလိုက်သည်။
Thursday, 2 January 2014
မြန်မာနိုင်ငံ အထက်ပိုင်းရှိ မူလတန်းကျောင်းများတွင် တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားမည်
အမှတ် (၂) အခြေခံပညာ ဦးစီးဌာန (အထက်မြန်မာပြည်) လက်အောက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး မူလတန်း ကျောင်းများရှိ သူငယ်တန်းမှ ဒုတိယတန်း အထိ ကျောင်းသားများကို တိုင်းရင်းသား ဘာသာစကား ၁၈ မျိုး သင်ကြားရန် ညွှန်ကြားထားကြောင်း အဆိုပါဌာနညွှန်ကြား ရေးမှူး ဦးခင်မောင်မြင့်က ပြောကြားသည်။
(၂၀၁၃)၏ ရုံဝင်ကြေး အမြင့်ဆုံး ရရှိစေသူ ဂျနီဖာလောရင့်စ်
Quigleyက ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသခွင့် မူပိုင်ခွင့် ဝယ်ယူသူများအား အကျိုးအမြတ် အဖြစ်ထွန်းဆုံး ရုပ်ရှင်မင်းသား၊ မင်းသမီး (၁၀)ဦးကို ရွေးချယ်ပေးပါရန် ပန်ကြားခဲ့ပြီး အချက်အလက်များကို စုဆောင်းခဲ့။
တောင်ကြီးမြို့တွင် New Year အကြိုည၌ မီးလောင်မှုဖြစ်ပွား
၂၀၁၄ နှစ်သစ်အကြို ညက သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ကန်အောက်ရပ် ခတ္တာလမ်းတွင် လျှပ်စစ် ပစ္စည်း သိုလှောင်ထားသော ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စပါးပေါင်ပို ဝယ်ယူသဖြင့် တောင်သူများနစ်နာဟုဆို
ဧရာဝတီတိုင်း ဒေသကြီးအတွင်း မိုးစပါး ရိတ်သိမ်းပြီးကာလများ၌ စပါးဈေးများ မြင့်တက်လာ ပြီး ဈေးေ ကာင်း ရကြသည် ဆိုသော်လည်း စပါးအခြောက်ပုံမှန် တစ်တင်း ၄၆ ပေါင်အပေါ် ဝယ်လက် များက ပေါင်ပိုချိန်ဝယ်ယူခြင်းမှာ တောင်သူများနစ်နာလျက်ရှိကြောင်း ဧရာဝတီတိုင်း တောင်သူများ က ပြော ကြား သည်။
နှစ်သစ်ကူးနေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာ ၁၀၀ ခန့် ရောက်
ရန်ကုန်မြို့တော်တွင် နှစ်သစ်ကူး ဒီဇင်ဘာလ ၃၁ရက်နေ့တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ လူနာ ၁၀၀ ခန့် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာမှု များကြောင့် ဆေးရုံတက် ကုသသူများမှာ ယခင် နေ့ များ ထက် နှစ်ဆ ရောက်ရှိခဲ့ကြောင်း အဆိုပါ ဆေးရုံ၏ အရေးပေါ်ဌာနထံမှ စုံစမ်းသိရှိရသည်။
အငှားယာဉ်မောင်းထံမှ ခြောက်လှန့်ငွေတောင်း ယူသူများအား အရေးယူ
၂.၁.၂၀၁၄
ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ ဦးစောဆေးဝါးသည်
စမ်းချောင်းမြို့ နယ်၊ ပြည်လမ်းအတိုင်း BB ----ကရီနာ အဖြူရောင်အငှားယာဉ်အား
မောင်းနှင်လာစဉ် မဟာမြိုင်မှတ် တိုင်ရှေ့ အရောက်တွင် လူငယ်(၃)ဦးမှ
နာနတ်တောဂုံးတံတားအနီးသို့ သွားလိုကြောင်းငှားသဖြင့်
တင်ဆောင်မောင်းနှင်ခဲ့ရာ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်း၊
ဂျန်းရှင်းစကွဲယားအလွန်အရောက်၌ ၎င်း၏ နောက်ဖက်ရှိလူငယ်မှ
လည်ပင်းအားသိုင်းဖက်ထားပြီး ဘေးဘက်ရှိလူငယ်မှ အရိုးအသွား(၇) လက္မခန့်
ရှိဓါးဦးချွန်ဖြင့် ခါးအားထောက်ကာ ပါလာသော ငွေများပေးရန်နှင့်
နာနတ်တောဂုံး တံတားအော က် သို့ မောင်းရန်ခိုင်းစေခဲ့ပါသည်။
ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ်က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည် ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ် ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
၂၀၁၄ ခုနှစ် အတွက် အာကာသအတွင်း ထူးခြားမည့် ဖြစ်စဉ်တစ်ခု
၂၀၁၄ ခုနှစ် မှာတော့ သိဟ် ရာသီအတွင်းမှ လင်းလက်တောက်ပနေတဲ့ ရီဂူးလက်စ် ကြယ်ဟာ ကျနော် တို့ မြင်ကွင်းမှ ခေတ္တ ခဏ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ များပြားလှတဲ့ ဂြိုဟ် သိမ်၊ ဂြိုဟ်မွှားများဟာ ကမ္ဘာနဲ့ ထိုကြယ်အကြား ဖြတ်သန်းကြမှာဖြစ်လို့ပါဘဲ။
မလေးရှား နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်မှုကို ထောင်ပေါင်း များ စွာသော ပြည်သူ များ ဆန္ဒပြ
မလေးရှား နိုင်ငံ၌ ဓာတ်ဆီနှင့် အခြားသော ကုန်ပစ္စည်း ဈေးနှုန်းများ မြင့်တက်လာမှုကို ဆန္ဒပြရန် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှောင်းပိုင်းတွင် ကွာလာလမ်ပူ မြို့လယ်ရှိ လွတ်လပ်ရေး ရင်ပြင်တစ်ခုလုံး ပြည့်အောင် အနက်ရောင်တီရှပ် အင်္ကျီများ ဝတ်ဆင်ထားသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူများ စုရုံးခဲ့ကြောင်းနှင့် အဆို ပါဆန္ဒပြမှုသည် ကြွေးမြီများ လျှော့ချရန် ကြိုးပမ်းနေသည့် မလေးရှား အစိုးရအပေါ် ဖိအားပေးမှု ဖြစ်စေလျက်ရှိကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
Subscribe to:
Posts (Atom)