Showing posts with label တိုက်တွန်းစာ. Show all posts
Showing posts with label တိုက်တွန်းစာ. Show all posts

Thursday, 16 January 2014

★ ★ ★ ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒ ★ ★ ★ (ကောက်နှုတ်ချက်အချို့)

၁။ ယစ်မသည် ဥအတွက်အသေခံသည်။
၂။ စာမရီသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ ရဟန်းသည် သီလအတွက် အသေခံသည်။
၎။ သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။

Wednesday, 12 October 2011

သဘောာထားကြီးမားလေသူ

ယနေ့သည် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ သီတင်းဝါလကျွတ်လွတ်သော သီတင်းကျွတ်လပြည့်ဖြစ်တာနဲ့အညီ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနေ့လေး တရက်ဖြစ်ပေသည် ။ အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးက သဘောထားကြီးမားစွာဖြင့် လပြည့်နေ့မတိုင်မီ အဖိတ်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေငြာခဲ့ပြီဖြစ်ပါတယ် ။ထိုသို့ကြေငြာခဲ့၇ာတွင် အကျဉ်း​သား​ ၆၃၅၉ ဦး​ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါတယ် ။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် အသက်အရွယ်ကြီး​ရင့်သူ​တွေ၊​ ကျန်းမာ​ရေး​မ​ကောင်း​သူ​တွေနဲ့​ ကိုယ်လက်အဂါင်္ချို့တဲ့​သူ​တွေ အပါအ၀င် ထိုင်သင့်သော ပြစ်ဒဏ်ကျခံပြီးသူများ စည်း​ကမ်း​နဲ့​အညီ ​နေထိုင်ခဲ့​တဲ့​ အကျဉ်း​သား​တွေ အကျုံးဝင်တယ်လို့ ​ကြေငြာချက်အရ သိ၇ှိရပါတယ် ။

ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဟာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ် ။ ပထမတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကိုတော့ အစိုး၇တက်ပြီး မကြာမီ မေလအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။နိုင်ငံတော် သမ္မတကြီး၏ စေတနာ ကိုလည်း လူအများတွေ့မြင်နိုင်ပြီ ဖြစ်ပါတယ် ။သမ္မတကြီးသည် နိုင်ငံတော် အုပ်ချုပ်ရေးတာဝန်ကို စတင်ထမ်းဆောင်စဉ်အချိန်က လွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ မိမိတို့အစိုးရ အနေဖြင့် ကောင်းမွန်သော အစိုးရ ၊သန့်၇ှင်းသော အစိုးရအဖြစ် ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သလိုပဲ တနေ့တခြား သူ၏စေတနာ၊ သူ၏သဘောထားများကို သူ၏လုပ်ရပ်များကို ကြည့်ခြင်းဖြင့် အများလက်ခံနိုင်လာပြီဖြစ်ပါသည်။ ထို့ကဲ့သို့ လုပ်ဆောင်နေသူကို ရှုံ့ချအပြစ်ပြောဆိုမှုများကို ပြောနေမည့်အစား သူ၏လုပ်ရပ်များကို အားပေးကာ လက်တွဲလုပ်ဆောင်ကြရင်ဖြင့် နိုင်ငံတော်အတွက်များစွာ အကျိုး၇ှိမည် ဖြစ်ပါကြောင်း ယုံကြည်မိပါတော့တယ်ခင်ဗျာ ။