Tuesday, 24 September 2013

အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်

Photo: အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်
Tuesday, September 24, 2013

မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား တင်ဆောင်လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင်
ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြိတ်မြို့ ပိန္နဲတောင်ကျေးရွာမှ အလုပ်သမား (၅၀) ဦးကျော်ခန့် တင်ဆောင်၍ ယာဉ်မောင်း စိုးလတ်ဦး ၊ အသက် (၂၆)နှစ်၊ (ဘ) ဦးခင်စိုး မောင်းနှင်
လာသည့် ကင်တာအမျိုးအစား ယာဉ်အမှတ် (၂ခ/…………. ) သည် ကား အလေး ချို့ယွင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ လက်ယာဘက်သို့ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ကျား (၃) ဦး ၊ မ (၁၄) ဦးသည် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မောင်နေလင်းနိုင် အသက် (၁၉)နှစ်၊ (ဘ) ဦးစိုးမြင့် (ဦးခေါင်းကွဲဒဏ်ရာ) နှင့် မဖြိုးသူဇာ အသက် (၂၂)နှစ်၊ (ဘ) ဦးမောင်သန်း(လက်ကျိုးဒဏ်ရာ)တို့မှာအတွင်းလူနာ
အဖြစ် မြိတ်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ
မြိတ်မြို့ စက်မှုဇုန်ရှိ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား တင်ဆောင် လာသည့် ကြို/ပို့ ယာဉ် တိမ်းမှောက်မှု မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု မြိတ်-ကျွဲကူး ကားလမ်းမကြီးပေါ်ရှိ မဟာသိဒ္ဓိဇယ စေတီတော်အနီးရှိ အဌဂံ စားသောက်ဆိုင် အကွေ့၌ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၆)နာရီ ခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အက်ဒမန် ကုမ္ပဏီ၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြိတ်မြို့ ပိန္နဲတောင်ကျေးရွာမှ အလုပ်သမား (၅၀) ဦးကျော်ခန့် တင်ဆောင်၍ ယာဉ်မောင်း စိုးလတ်ဦး ၊ အသက် (၂၆)နှစ်၊ (ဘ) ဦးခင်စိုး မောင်းနှင် လာသည့် ကင်တာအမျိုးအစား ယာဉ်အမှတ် (၂ခ/…………. ) သည် ကား အလေး ချို့ယွင်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ လက်ယာဘက်သို့ တိမ်းမှောက်သွားခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် ကျား (၃) ဦး ၊ မ (၁၄) ဦးသည် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး မောင်နေလင်းနိုင် အသက်(၁၉)နှစ်၊ (ဘ) ဦးစိုးမြင့် (ဦးခေါင်းကွဲ ဒဏ် ရာ) နှင့် မဖြိုးသူဇာ အသက် (၂၂)နှစ်၊ (ဘ) ဦးမောင်သန်း (လက်ကျိုးဒဏ်ရာ)တို့မှာ အတွင်းလူနာအဖြစ် မြိတ်အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

မြိတ်ပုလဲမြေ

No comments:

Post a Comment