၂၁.၉.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ ၀င်များသည် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်လေ့ရှိကြောင်း သတင်းရရှိထားသူ ဖြိုးဦး(ခ)ပြည့်ဖြိုးဦး (ဘ)
ဦးလှထွန်း၊ မင်္ဂလာဒုံမြို့နယ်နေသူအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ၄င်းသည် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ အတွင်း ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်၊(၃၉/ဘီ)ရပ်ကွက်ရှိ နေအိမ်ရှေ့ လမ်းပေါ် တွင် ရပ် ထားသော CZI အမျိုးအစား(ဖြူ/ပြာ)ရောင် ဆိုင်ကယ်(၁)စီးအား ခိုးယူရောင်းချထားကြောင်း ပေါ်ပေါက်သဖြင့် ဒဂုံမြောက်မြို့မ ရဲစခန်း(ပ)၄၉၂/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment