01B MAHASEN ရဲ့ ပြည်တော်ဝင်...
မင်္ဂလာပါ။
ကျန်းမာတော်မူကြပါစခင်ဗျာ။
အားလုံး under control ပါဘဲ။ ခန့်မှန်းထားတဲ့အတို်င်း ဖြစ်နေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဖက်ပိုရောက်သွားနိုင်တဲ့အတွက် မြန်မာနိုင်ငံ မောင်တောဖက်မှာ အများကြီး သက်သာရာ ရပါလိမ့်မယ်။
နောက်ဆုံးအခြေအနေတွေကတော့...
(၁) အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း MAHASEN ဟာ (၁၆-၅-၂၀၁၃)ရက နံနက် (၃)နာရီခွဲ အချိန် တိုင်းတာချက်များအရ အီန္ဒိယနိုင်ငံ၊ KOLKATA မြို့ရဲ့ အရှေ့တောင်ဖက် မိုင်(၂၂၀)အကွာ ပင်လယ်ပြင် ကိုဗဟိုပြုရောက်ရှိနေ ပါတယ်။
(၂) လွန်ခဲ့တဲ့(၆)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းဟာ
မြောက်အရှေ့ယွန်းယွန်း (North Northeastwards 030°)
ဦးတည်ရာဖက်အတိုင်းရွေ့လျှားလာ ခဲ့ပါတယ်။
(၃) ဒီကာလအတွင်း မုန်တိုင်းရဲ့ တိမ်ဖွဲ့စည်းမှုဟာ ပိုမိုစုစည်းလာခဲ့ပြီး အနည်းငယ် ပိုမိုအားကောင်း လာ ခဲ့ပါတယ်။
(၄) ဆိုင်ကလုန်းမုန်တိုင်းဟာ နောက်(၁၈)နာရီအတွင်း အရှေ့မြောက်
ယွန်းယွန်းကိုဘဲ ဆက်လက်ရွေ့ လျှားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို
(၁၆-၅-၂၀၁၃)ရက်နေ့ နံနက် (၃)နာရီခွဲ မှ နောက်(၁၈) နာရီ အတွင်း (၁၆-၅-၂၀၁၃ရက် ည
၉ နာရီခွဲ အတွင်း) စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော် ၀င်ရောက် ပါလိမ့်မယ်။
(၄) ကမ်းကိုဝင်ရောက်စဉ် အများဆုံးလေတိုက်နှုန်းမှာ တစ်နာရီ (၆၅)
မိုင်ခန့်ရှိနိုင်ပါတယ်။ အဲဒီလေ တိုက်နှုန်းကို ဗဟိုချက်ရှိရာ
စစ်တကောင်းမြို့ အနီးပတ်ဝန်းကျင်တွင် ပိုမိုကြုံတွေ့ ရနိုင်ပြီး
မောင်တောမြို့ဖက်မှာ လေတိုက်နှုန်းဟာ အဲဒီထက်လျော့နည်းနိုင်ပါတယ်။
(၅) ဆိုင်ကလုန်းမုန်တိုင်းဟာ ကမ်းခြေကိုဖြတ်ကျော်ပြီးနောက်
အောက်ခံကုန်းမြေများရဲ့ ကြမ်းတမ်း မှုကြောင့် (၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲမှ
(၁၇-၅-၂၀၁၃)ရက် နံနက်(၉)နာရီခွဲ အချိန်အထိ (၁၂)နာရီ အတွင်း ကုန်းပေါ်မှာဘဲ
အားပျော့ပြောက်ပျယ်သွားမယ်လို့ ခန့်မှန်းရပါတယ်။
(၆)
မုန်တိုင်းရဲ့အရှိန်ကြောင့် (၁၅-၅-၂၀၁၃)ရက်နေ့ ညသန်းကောင်ယံအချိန်
တိုင်းတာချက်များအရ မုန်တိုင်းဗဟိုချက် အနီးရှိ ပင်လယ်ပြင်မှာ
လှိုင်းအမြင့် (၁၂)ပေရှိနေပါတယ်။
(၇) မုန်တိုင်းရဲ့အရှိန်ကြောင့်
မုန်တိုင်းဒီရေ တက်ရောက်ခြင်း မရှိနိုင်ပါ။ (အလွန်အကျွံဖြစ်ရင် ၁ ပေထက်
မပိုပါဘူး) (45° Northeast ဆိုရင် မောင်တောဖက်ကို မုန်တိုင်းဗဟို ပိုနီးလာ
မှာဖြစ်ပါတယ်။)
ဒေါက်တာထွန်းလွင်(MCCW)
From...Thit Htoo Lwin blog

No comments:
Post a Comment