ယနေ့မီဒီယာပေါ်တွင် ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပွက်လောရိုက်နေပါတယ်။ ကျွန်တော်လည်း ဖက်ဒရယ်ကို လက်ခံပါတယ်။
အမေရိကန်လို ပြည်ထောင်စုစစ်စစ်နိုင်ငံမျိုးသွားဖို့တော့ အချိန်ယူရပါဦးမယ်။ ဒီမိုကရေစီ စနစ်ဖြင့် နှစ်ပေါင်း ရာချီပြီးလျှောက်လှမ်းပြီးမှ ယနေ့အမေရိကန်နိုင်ငံဖြစ်လာတာပါ။ ဒီလိုနိုင်ငံမျိုး မှာတောင် ကာကွယ်ရေး နဲ့ နိုင်ငံရေး စသည့်အာဏာတွေကို ဗဟိုအစိုးရကပဲ ချုပ်ကိုင် ထားတာပါ။ ကျွန်တော်တို့နိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်း တာ ၃ နှစ်သားတောင် မပြည့်သေးပါဘူး။ ယနေ့ အမေရိကန်လို ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်လိုမျိုး တောင်းဆိုနေတာတွေကိုကြည့်ပြီးတော့ အတွေးတစ်ချက်ဝင်မိပါတယ်။ ၃ နှစ်သားကလေးကို (၁၀)တန်း စာမေးပွဲ ဖြေခိုင်းသလိုဖြစ်နေ ပါတယ်။ ဖြစ်နိုင်သမျှကိုပဲတောင်းဆိုသင့်တယ်လို့ ယူဆပါတယ်။ ဒါမှသာ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်မူ နဲ့ ပြည်ထောင်စုစစ်စစ်နိုင်ငံ တည်ဆောက်သွားနိုင်မှာပါ။ ဒီမိုကရေစီရဲ့ အလေ့အထတွေဖြစ် သည့် တာဝန်ယူမှု၊ တာဝန်သိမှုဆိုတာတွေသည် အစိုးရအုပ်ချုပ်သူများတွင်သာ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံ ထူထောင် ချင်သည့် ပြည်သူပြည်သားအားလုံးမှာပါ ရှိရပါမည်။ ၀ဲကြီးကျေးရွာတွင် ရဲကို ရွာသားကဖမ်းဆီးတဲ့ကိစ္စတွေ၊ မိတ္ထီလာပဋိပက္ခတွေ စသည့်ဖြစ်စဉ် များသည် ပြည်သူပြည်သားအားလုံး ဒီမိုကရေစီရဲ့ အလေ့အထတွေနဲ့ မယဉ်ပါး သေးဘူးဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။ တဖြေးဖြေး နဲ့ ပြုပြင် သွားရမှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ကလည်း ဖက်ဒရယ်ပြည်ထောင် စု စစ်စစ်မူကိုလည်းသွားချင်တယ်၊ ကာကွယ်ရေးနဲ့ နိုင်ငံရေးကိုလည်း လက်ထဲမှာဆုပ်ကိုင်ထားချင် တယ်။ ပြည်နယ် အလိုက် ကိုယ်ပိုင်လက်နက်ကိုင် တပ်တွေ ထားချင်တယ်။ လက်နက်ကိုင်တပ်တွေကိုလည်း ပြည်နယ်အုပ်ချုပ်မှုအောက်မှာပဲ ထားချင်တယ်။ ပြည်ထောင်စုကြီးက ဘယ်တော့မှခွဲမထွက်ပါဘူး ဆိုပြီးပြောတယ်။ သို့သော်လည်းတောင်းဆိုနေတာတွေကခွဲထွက်ဖို့ လမ်းကြောင်းကို ဦးတည်နေတာတွေ ဖြစ်နေတယ်။ တပ်မတော်ဘက်က ယုံကြည်စရာအကြောင်း ရှိပါ့မလား စဉ်းစား စေချင်တယ်။ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ အနေနဲ့ ပြန်ဆန်း စစ်စေချင်ပါတယ်။ တကယ်တမ်း ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေအကျိုးအတွက်လား၊ မိမိတို့ မိသားစုတွေ ကောင်းစားဖို့ လားဆိုတာစဉ်းစားပါ။ ငြိမ်းချမ်းရေး နဲ့ ပြည်သူ့အကျိုးအတွက်ဆိုရင်တော့ ဖက်ဒရယ်ကိုယူပြီး လက်နက်တွေကို စွန့်ပစ်ဖို့လိုပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ်မူကိုလည်း လိုချင်တယ်၊ လက်နက်တွေလည်း မစွန့်လွှတ်ချင်ဘူး ဆိုရင်တော့ သီးခြားလွတ်လပ်သော နိုင်ငံ ထူထောင်မယ်လို့သာ ပြောလိုက်ပါ။ ပြည်သူတွေကို မလှည့်စားပါတော့နဲ့။ အမေရိကန်လို နိုင်ငံမျိုးတောင် အင်္ဂလိပ် လက်အောက် မှ လွတ်လပ်ရေးရရှိချိန်မှာ(၁၃)ပြည်နယ်ရှိပြီး တစ်ပြည်ထောင် ချင်း အစိုးရ တစ်ခုစီသွားနေပါက နွားကွဲရင် ကျားဆွဲမှာ စိုးလို့ ဖက်ဒရယ်မူနဲ့သွားတာပါ။ ပြည်နယ်အလိုက် လက်နက် ကိုင်တပ်တွေ မရှိပါဘူး။ ဗဟိုအစိုးရကပဲ ချုပ်ကိုင်တာပါ။ တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်တွေ အနေနဲ့ ဒီနေ့ခေတ် ပြည်သူတွေသည် မညံ့တော့ပါ ဘူး။ လက်နက်မစွန့်ချင်သည့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် များအနေဖြင့် ဖက်ဒရယ်ဆိုတဲ့ အမည်လှလှလေးသုံးပြီး နားလှည့် ပါးရိုက်တော့ မလုပ်ပါနဲ့လို့ ရေးသားလိုက်ရပါတယ်။
အောင်ဝင်း
No comments:
Post a Comment