မြန်မာနိုင်ငံအောက်ပိုငးဒေသတွေမှာ မိုးမပြတ်ရွာနေတဲ့နည်းတူ ဟိုး..အထက်ပိုင်း မြန်မာနိုင်ငံ အရှေ့မြော က် ဖက် အရပ်မှာလည်း အနောက်ဖက်ကို ရွေ့လာနေတဲ့ တိုင်ဖွန်း USAGI ရဲ့ အကျွင်းအကျန် တိမ်တိုက် ကြီးဟာလည်း ဆက်လက်တည်ရှိနေတဲ့အပြင် ပိုလို့တောင် အားကောင်းလာကာ ကုန်းတွင်း မုန်တိုင်းငယ် တစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နေရာဒေသအနေနဲ့ ဝေးသေးခြင်း၊ လတ္တီတွဒ်အနေနဲ့လည်း မြင့်နေသေးခြင်းတို့ကြောင့် လောလော ဆယ်တော့ အန္တရာယ်မရှိသေးပါဘူး။
ခက်တယ်ဗျာ။ ကနေ့ ခေတ်သစ်ကမ္ဘာမှာ တခြားဟာတွေတော့ မပြောတော့ပါဘူး။ မိုးလေ၀သမှာတောင် နယ်စပ်ကျော်ဖြတ် သဘာဝ ဘေး(Transboundary Disasters) တွေဟာ တစ်နေ့ထက်တစ်နေ့ ဆိုးဆိုး လာနေပါတယ်။
အရင်တုံးကတော့ ဒါတို့မြေ. ဒါတို့ပြည်..လောက်ဘဲကာကွယ်ဖို့လိုပေ မယ့် ကနေ့ခေတ်သစ် ပူနွေးတဲ့ ကမ္ဘာကြီးမှာတော့ ဒါတို့ပြည်၊ ဒါတို့မြေ သာမကတော့ဘဲ ဒါတို့ရေ၊ ဒါတို့လေ၊ ဒါတို့အမွေ....တွေကိုပါ ထိန်သိမ်းကာကွယ်ဖို့ တာဝန်တွေက တိုးလာရပြန်ပြီပေါ့...
ဒေါက်တာထွန်းလွင် (MCCW)
No comments:
Post a Comment