မြန်မာ နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းအားကစားပွဲတော်သို့ လာရောက် ကြည့်ရှု သော ခရီးသည်များ အဆင်ပြေ စေရန်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း( MAI ) မှစင်းလုံးငှား လေယာဉ် ဖြင့် ပျံသန်း ပေး မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာ လ တွင် ကျင်းပ မည့် ဆီးဂိမ်း အားကစား ပွဲတော် အတွင်း အားကစား ပွဲ များ ကျင်းပ မည့် မြို့များ ရှိရာ ရန်ကုန် - နေပြည်တော်၊ မန္တလေး - နေပြည်တော်၊ ရန်ကုန်- မန္တလေး စသည့် ခရီး စဉ် များ အတွက် စင်းလုံးငှား ဝန်ဆောင်မှု များ ပေးသွား မည် ဟု အပြည်ပြည် ဆိုင်ရာ မြန် မာ့ လေကြောင်း လိုင်း ( MAI ) မှ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာ က ပြောသည်။ “ဆီးဂိမ်း ပွဲတော်မှာ လာကြည့် တဲ့ သူတွေ သွားရတာ အဆင် ပြေ ဖို့ပါ။ ပုသိမ် လေယာဉ်ကွင်း က ဆင်းဖို့ အဆင် မပြေလို့ မပျံသန်း တာပါ။ မြို့သုံးမြို့ ပဲ ပျံသန်း ပေးမှာပါ။ ဈေးနှုန်း တော့ မသတ်မှတ် ရေ သး ပါဘူး” ဟု ဒေါ်အေးမရသာ က ပြောသည်။
ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်ထိ ကျင်းပ မည့် ဆီးဂိမ်း အားကစား ပွဲတော် ကို ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်၊ ပုသိမ်( ငွေဆောင်) စသည့် မြို့များ တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
7 Day News
No comments:
Post a Comment