နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချနိုင်ဖွယ် ရှိသော ကြောင့် နေရောင်ခြည် ပိုမိုရရှိသည့် နေရာဒေသများ၌ နေထိုင်သူများတွင် အဆိုပါ ရော ဂါ ဖြစ်ပွား မှု လျော့ကျ နိုင် ဖွယ် ရှိသည်ဟု အမေရိကန် သုတေသီများက ပြောကြားထားသည်။
သုတေသီ များသည် အမျိုးသမီး ၂ဝဝဝဝဝ ကျော်ကို စစ်ဆေး လေ့လာခဲ့ ရာ နေရောင်ခြည်နှင့် အဆစ် အမြစ်ရောင်ရောဂါတို့အကြား ဆက်စပ်မှုရှိကြောင်းနှင့် နေရောင်ခြည်အတွင်းရှိ ဗီတာမင်ဒီသည် ယင်းရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို ကာကွယ် ပေးနိုင်ဖွယ် ရှိသည်ကို တွေ့ရှိခဲ့ကြသည်။ သို့ရာတွင် အဆိုပါ ဗီတာမင်ရရှိရေးအတွက် နေပူထဲတွင် တစ်နေကုန် မနေထိုင်သင့်ကြောင်း ကျွမ်းကျင်သူများက သတိပေး ထားသည်။
အဆစ်အမြစ် ရောင်ရမ်း ကိုက်ခဲသည့် ရောဂါသည် ကိုယ်ခန္ဓာ အတွင်းရှိ ကိုယ်ခံအားက အဆစ်အမြစ် များကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွား ရခြင်း ဖြစ်ပြီး အလွန်နာကျင် တတ်သည့် ရောဂါ တစ်မျိုး ဖြစ်သည်။
ဟားဗတ်ဆေးကျောင်းမှ သုတေသီများသည် အမျိုးသမီးများ၏ နေထိုင်ရာ အရပ်ဒေသနှင့် ၎င်းတို့ ၏ နေရောင်ခြည် လက်ခံရရှိမှု ပမာဏကို အခြေခံ ၍ နှစ်ပေါင်း သုံးဆယ်ကြာ လေ့လာ ခဲ့ရာ နေရောင်ခြည် လက်ခံရရှိမှု ပိုမိုများပြားသူ အမျိုးသမီးများသည် အခြားအမျိုးသမီး များနှင့် နှိုင်းယှဉ်ပါက အဆစ်အမြစ်ရောင် ရောဂါဖြစ်ပွားမှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်းလျက် ရှိကြောင်း တွေ့ရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သုတေသီများက စစ်ဆေး လေ့လာခဲ့သည့် အမျိုးသမီး များ အနက် ၁၃၁၄ ဦးတွင် အဆစ် အမြစ်ရောင် ရောဂါ ခံစားရသည့် လက္ခဏာများ ဖြစ်ပေါ်လျက် ရှိသည် ကို သုတေသီများက လေ့လာတွေ့ ရှိခဲ့သည်။
သုတေသီ များသည် လေ့လာမှု ပြုချိန်တွင် အသက်အရွယ် ပိုမိုကြီးရင့်သူ အမျိုးသမီးများကိုသာ အဓိက စစ်ဆေးလေ့လာ ခဲ့ခြင်းဖြစ်ပြီး ယခင် ကာလက အမျိုးသမီး ကြီးများသည် ယခုခေတ် မျိုးဆက်သစ် လူငယ်များကဲ့သို့ နေပူဆာလှုံခြင်းဖြင့် ရောဂါအန္တရာယ်ကာကွယ်ခြင်းကို သတိမူမိခဲ့ပုံ မရှိခဲ့ ကြကြောင်း ဒေါက်တာ အယ်လိဇဘက် အာကီးမားက ပြောကြား ထားသည်။
ထို့အပြင် အဆစ်အမြစ် ရောင်ရမ်းမှုကို ခံစားနေရသူများတွင် ဗီတာမင်ဒီ ပါဝင်မှု ပမာဏ လျော့နည်းလျက် ရှိပြီး ယင်းသို့ ဗီတာမင်ဒီ ပါဝင်မှုလျော့နည်းခြင်းသည်ရောဂါ ဖြစ်ပွားမှုအပေါ်အကျိုး သက်ရောက်မှု ရှိစေနိုင်သောကြောင့် ဗီတာ မင်ဒီအား ရောဂါခုခံ ကာကွယ်ရေးတွင် ပြောင်းလဲအသုံးပြု နိုင်ခြင်း ရှိ၊ မရှိကို လက်တွေ့စမ်းသပ်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံရှိ အဆစ်အမြစ်ရောင် ရောဂါသုတေသနဌာန မှ ညွှန်ကြားရေး မှူး ပါမောက္ခ အာလန် ဆီလ်မန်းက ပြောကြားထားသည်။
မြ၀တီ
No comments:
Post a Comment