၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့် တွင် အမျိုးသား ၂ ဦးမှ သေနတ် အတိုဖြင့် ပစ်ခတ်မှုကြောင့် ဦးစိုင်းစိုင်းနှင့် သမီးဖြစ်သူ နန်းဟောင်ဖောင်း(ခ) လုံးလုံးအား ဒဏ်ရာများရရှိ၍ ဆေးရုံ သို့ ဆေး ကုသမှုခံ ယူနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ
မယ်ခေါင်ရပ်ကွက် ၊ ၁/၈၆ ၊ ၁ လမ်း ၊ တာချီလိတ်မြို့ နေ အရှေ့
မိုးသောက်ကြယ် မိသားစု ကုမ္ပဏီ ပိုင်ရှင် ဦးစိုင်းစိုင်း ယာဉ်မောင်း သည်
၎င်း၏ ဇနီးဖြစ်သူ မနန်းခမ်းတစ်လုံ ၊ အိမ်အကူ မချိုစန်း တို့ လိုက်ပါလာသော
၆ဂ/ VIGO CHAMP အဖြူရောင် မော်တော်ယာဉ်သည် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ)
လုံးလုံး ( ၄/၂ဝ၁၃ ) နှစ်အား မူကြိုကျောင်းမှ ကြိုပြီး ပြန်လာစဉ်
ရွှေမြေသာယာ ဈေးရှေ့ ဦးစိုင်းစိုင်း ၏ နေအိမ်အနီး အရောက်တွင်
ဆိုင်ကယ်ဦးထုပ် ဆောင်းထားသောအမျိုးသား ၂ ဦး ( အမည်စုံစမ်းဆဲ ) မှ
မော်တော်ယာဉ်၏ ယာဘက်ဘေးမှ မော်တော် ဆိုင်ကယ်စီးနင်းလာပြီး သေနတ်
အတိုဖြင့်(၃)ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားကြောင်း၊ ပစ်ခတ်မှုကြောင့်
မော်တော်ယာဉ်၏ ယာဉ်မောင်းယာဘက်ဘေး မှန် တစ်ချပ်ကွဲသွားပြီး
ဦးစိုင်းစိုင်းတွင် မေးစေ့ ဖောက်ဝင် ဒဏ်ရာတစ်ချက် ၊ ယာလက်မောင်း ဖောက်ဝင်
ဒဏ်ရာတစ်ချက် ၊ ယာပခုံး ဖောက်ဝင်ဒဏ်ရာတစ်ချက် နှင့် သမီးဖြစ်သူ
မနန်းဟောင်ဖောင်း (ခ) လုံးလုံး တွင် ဝဲလက်ဖဝါး ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊
ဝဲပါးရိုး ဖောက်ဝင် ဒဏ်ရာ တစ်ချက် ၊ ဝဲမေးရိုး ဖောက်ဝင် ဒဏ်ရာတစ်ချက်
တို့အသီးသီးရရှိခဲ့ပြီး တာချီလိတ် ဆေးရုံသို့ ညနေ ၄ နာရီ ၁ဝ မိနစ်အချိန်
ပို့ဆောင် ဆေးကုသမှုခံယူခဲ့ပြီး နောက်ထိုင်းနိုင်ငံ၊ ဆေးရုံတွင်
အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။
ပစ်ခတ် ထွက်ပြေးသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ဦးစိုင်းစိုင်း(ဘ) ဦးနန်နွန်း (၅၅/၂ဝ၁၃) နှစ် ၏ သားဖြစ်သူ စိုင်းအင်တစ်(၂၆/၂ဝ၁၃) နှစ်၊ ၁/၈၆(ဂ)၊ ၁ လမ်း၊ မယ်ခေါင်ရပ်ကွက်၊ တာချီ လိတ်မြို့ နေသူမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၁၉၈/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။
The Myawady Daily

No comments:
Post a Comment