၁၀.၈.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေးတာဝန်အား အင်းစိန်မြို့နယ်၊ လှိုင်မြစ်
လမ်း၊
ပေါက်တောဝကားမှတ်တိုင်၌ဆောင်ရွက်လျက်ရှိစဉ် ယာဉ်လိုင်းအမှတ် (၂၂၄)ပေါ်မှ
ဆင်း လာသော လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့်
ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ညီညီ (ဘ) ဦးဆန်းလွင်၊ (၁၅)ရပ်ကွက်၊
အောင်မျိုးမင်း (ဘ)ဦးစံထွန်း ၊ (၁၈)ရပ်ကွက်၊ အောင်ကျော် (ခ) အောင်ကြီး (ဘ)
ဦးစိုးဝင်း၊ (၁၃)ရပ်ကွက်နေသူတို့အား သက်သေများရှေ့ရှာဖွေရာ ညီညီ
ဝတ်ဆင်ထား သည့် အင်္ကျီအိတ်ကပ်အတွင်းမှ ငွေစက္ကူရောရာ (၁၇၀၀၀)ကျပ်အား
တွေ့ရှိစစ်မေးရာ ၎င်းတို့(၃)ဦး သည် ၎င်း ယာဉ်အား လှိုင်သာယာရုံးရှေ့မှတ်တိုင်မှ
စီးနင်းလိုက်ပါခဲ့ရာ အင်းစိန်မြို့နယ် ကမ်းနားမှတ်တိုင်တွင် ဆင်းသွားသည့်
အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသား တစ်ဦး၏ကျောပိုးအိတ် အား အောင်မျိုး
မင်းနှင့် အောင်ကျော် (ခ)အောင်ကြီးတို့မှ ၎င်းတို့၏ဘေးလွယ်အိတ်ဖြင့်
တိုးဝှေ့လူကာပေးပြီး ညီညီမှဇစ်ဖွင့်နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
အင်းစိန်မြို့မရဲစခန်း (ပ)၈၆၈/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်
အရေးယူဆောင်ရွက်ထားရှိပြီး ကြွေးကျန်အမှုများနှင့် တိုက်ဆိုင်
စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment