Sunday 11 August 2013

ဆင်ဆာမဲ့ခွေများဖမ်းဆီးရမိ

Photo: ဆင်ဆာမဲ့ခွေများဖမ်းဆီးရမိ
Sunday, August 11, 2013

၁၀.၈.၂၀၁၃ ရက်နေ့ ၁၈၁၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည်
မြောက်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်ရှိ တင်ဝင်း(ခ)မိုဟာမတ်အလီ (ဘ)ဦးမူဆာ၏ ဗီစီဒီခွေအရောင်းဆိုင်အား ၀င်ရောက်ရှာဖွေရာ ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်း ဒီဗီဒီ/ဗီစီဒီမျိုးစုံ (၁၇၉၅)ခွေ၊ ဆင်ဆာမဲ့မြန်မာသီချင်း/အငြိမ့်၊ ကာတွန်း၊တရားခွေ ဒီဗီဒီ/ဗီစီဒီမျိုးစုံ (၄၀၀)ခွေနှင့် ဆင်ဆာမဲ့ခွေများရောင်းရငွေ (၄၇၉၀၀)ကျပ်နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် မြောက်ဥက္ကလာပ
မြို့မ ရဲစခန်း (ပ)၆၃၈/၂၀၁၃၊ ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)/(ခ)ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အလားတူ ၁၀.၈.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နှင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှိုင်မြို့နယ်၊
(၁၀)ရပ်ကွက်၊ ကန်လမ်းတွင် ဆင်ဆာမဲ့/ ညစ်ညမ်းခွေများ
ရောင်းချနေကြောင်းသတင်းအရ သွားရောက်ရှာဖွေရာ ၎င်းနေရာ၌ အောင်ကိုဟိန်း(ခ)သရဲ (ဘ)ဦးမြင့်ထွေး (၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်နေသူအား ဆင်ဆာမဲ့မြန်မာ သီချင်းဒီဗီဒီခွေ (၉၀)၊ နိုင်ငံခြားဇာတ်လမ်းတွဲ ဒီဗီဒီခွေ(၉၂၀)၊ EVD စက်(၁)လုံး၊ ရီမု(၁)ခု၊ ဗီနိုင်းစ(၁)ခု၊ ပလပ်စတစ်ရောင်စုံ (၁၀)ခြင်းနှင့် အခွေရောင်းရငွေကျပ် (၄၆၅၀) တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် လှိုင်မြို့မရဲစခန်း (ပ)၃၃၄/၂၀၁၃၊ ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)/(ခ)
ဖြင့်လည်းကောင်း၊ နိုင်ငံခြားညစ်ညမ်းဒီဗီဒီခွေ (၂၀)ခွေ အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် (ပ)၃၄၅/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၂၉၂ ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်ထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
၁၀.၈.၂၀၁၃ ရက်နေ့ ၁၈၁၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ (ခ)ရပ်ကွက်ရှိ တင်ဝင်း(ခ)မိုဟာမတ်အလီ (ဘ)ဦးမူဆာ၏ ဗီစီဒီခွေ
အရောင်းဆိုင်အား ၀င်ရောက်ရှာဖွေရာ ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်း ဒီဗီဒီ/ဗီစီဒီမျိုးစုံ (၁၇၉၅)ခွေ၊ ဆင်ဆာမဲ့မြန်မာ သီချင်း/အငြိမ့်၊ ကာတွန်း၊တရားခွေ ဒီဗီဒီ/ဗီစီဒီမျိုးစုံ (၄၀၀)ခွေနှင့် ဆင်ဆာမဲ့ခွေများရောင်း ရငွေ (၄၇၉၀၀)ကျပ်နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် မြောက်ဥက္ကလာပ မြို့မ ရဲစခန်း (ပ)၆၃၈/၂၀၁၃၊ ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)/(ခ)ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။


အလားတူ ၁၀.၈.၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နှင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှိုင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ ကန်လမ်းတွင် ဆင်ဆာမဲ့/ ညစ်ညမ်းခွေများ ရောင်းချနေကြောင်းသတင်းအရ သွားရောက်ရှာဖွေရာ ၎င်းနေရာ၌ အောင်ကိုဟိန်း(ခ) သရဲ (ဘ)ဦးမြင့်ထွေး (၁၀)ရပ်ကွက်၊ လှိုင်မြို့နယ်နေသူအား ဆင်ဆာမဲ့မြန်မာ သီချင်းဒီဗီဒီခွေ (၉၀)၊ နိုင်ငံခြားဇာတ်လမ်းတွဲ ဒီဗီဒီခွေ(၉၂၀)၊ EVD စက်(၁)လုံး၊ ရီမု(၁)ခု၊ ဗီနိုင်းစ(၁)ခု၊ ပလပ်စတစ်ရောင်စုံ (၁၀)ခြင်းနှင့် အခွေရောင်းရငွေကျပ် (၄၆၅၀) တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် လှိုင်မြို့မရဲစခန်း (ပ)၃၃၄/၂၀၁၃၊ ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)/(ခ) ဖြင့်လည်းကောင်း၊ နိုင်ငံခြား ညစ်ညမ်းဒီဗီဒီခွေ (၂၀)ခွေ အားတွေ့ရှိသိမ်းဆည်းရမိသဖြင့် (ပ)၃၄၅/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၂၉၂ ဖြင့် လည်းကောင်း အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment