mobile team မှ သိမ်းဆည်းထားသည့် ဘီယာနှင့် အရက်များအား ၀ါးတန်းဆိပ်ကမ်းတွင် တွေ့ရစဉ် |
Friday, 16 August 2013
တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရန် အတွက် ကမ်းရိုးတန်းသွား ရေယာဉ် များကို စတင် စစ်ဆေးနေ
ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်အတွက် ကမ်းရိုးတန်းသွား ပြည် တွင်းရေ ယာဉ် များကို သြဂုတ် ၁၂ ရက်မှ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်းနှင့် လက်ရှိကာလမှာ ပညာပေးကာလ ဖြစ်သော်လည်း တင်သွင်းခွင့် ပြုမထားသည့်အရက်၊ ဘီယာ၊ စီးကရက်များ တင်သွင်းမှုကို စစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲရေးမှူးရုံး တာဝန်ခံ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က သြဂုတ် ၁၅ ရက်တွင် ပြောကြားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment