စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်တွင် သီတင်းသုံး လျက်ရှိနေသော ဦးနန္ဒိယဆရာ တော်ကြီးသည် သက်တော်ရ၅နှစ်၊ ဝါတော် ၅၄ဝါအရတွင် ၂၀၁၂ခု နှစ် ဒီဇင်ဘာ ၁၄ရက်က ပျံလွန် တော်မူခဲ့သော ဆရာတော်ကြီး ၏ ရုပ်ကလာပ်သည် ယခု၂၀၁၃ ခု၊ ဩဂုတ်
ဆရာတော်ကြီးက ပရိယတ္တိကိုတော့ သိပ်ပြီးတော့ အားမပေးပါဘူး။ ဆရာတော် ကြီးအားပေးတာကတော့ ဝိပဿနာပါ။ ပျံလွန်တော်မူပြီးတဲ့နောက်ပိုင်းမှာ ဦးဇင်းတို့က ဆရာတော်ကြီးကို မြင်တဲ့အတိုင်းပဲ မှန်ခေါင်း ထဲမှာ ထည့်ထားတယ်။ ထည့်ထားပြီးတဲ့ ခုနစ်လရှစ်လလောက်မှာ ဆရာတော်ကြီးရဲ့ ခြေသည်း၊ လက် သည်းတွေဟာလည်း နည်းနည်းရှည်လာတယ်။ ဆံပင်တွေလဲရှည်ထွက်လာတယ်။ နောက်မုတ်ဆိတ်လဲ အနည်းငယ်ရှည်လာပါတယ်။ ဦးဇင်းတို့ သင်္ကန်းလဲတဲ့အခါမှာလည်း ဆရာတော်ကြီးထံမှာ ကျင်ကြီး နှစ် ကြိမ်တွေ့တယ်။ ဒါကတော့ အတော်လေးထူးဆန်းတာဖြစ်ပါတယ်။ နောင်လာနောက် သားတွေ ဖူးမျှော် နိုင်အောင် မှန် ခေါင်းထဲထည့်ပြီးထားတာ ဖြစ်ပါတယ်''ဟု မင်းကုန်းကျေးရွာ သီရိမင်္ဂလာ ကျောင်းတိုက်ရှိ ဦးဥတ္တမက ပြောပြခဲ့သည်။ အဆိုပါ ရွှေဘိုမြို့နယ် မင်းကုန်းကျေးရွာတွင်ရှိသော သီရိမင်္ဂလာကျောင်းတိုက် တွင် သီတင်းသုံးနေသည့် ဆရာတော်ကြီး ဦးနန္ဒိယသည် သက်တော် ၇၅နှစ်၊ ဝါ တော် ၅၄ဝါအရတွင် ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။
လေပွေနီ(အင်းတော်)
Yangon Media Group
No comments:
Post a Comment