မန်း၃၅၊၃၆လမ်းရှိ
အထက(၃) စာသင်ကျောင်းအား ယနေ့နံနက် ၁၀ နာရီအချိန့်ခန့်က လူတစ်စု မှအော် ဟစ်
သွားသဖြင့်ရုတ်ရုတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ကျောင်းသားတွေတချို့ကိုသာမိဘတွေအိမ်ပြန်ခေါ်သွားတာ
တချို့ကျောင်းထဲမှာပဲရှိပါသေးတယ် ဟု အဆို ပါ ကျောင်း အနီး
ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိတွင်မြို့နယ်ရဲမှူး၊ခရိုင်ရဲမှူးသက်ဆိုင်ရာစခန်းမှူးများမှာကောလဟာလဖြစ်ပွားခဲ့သောနေရာ များကို လိုက် လံ ကြည့်ရှူခြင်း ပြုလုပ်နေ သည်ဟုမန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှရဲမှူးကြီး ဦးစိုးငြိမ်း ကပြောသည်။
မနက်ကဆိုင်ကယ်၃၊၄စိးနဲ့လူ၎၊၅ယောက်ကအော်သွားတာဘာမှမဖြစ်ပါဘူး၊စုံစမ်းနေတယ်မိလို့သေချာ ရင် တရားစွဲဆိုသွားမှာပါဟု၎င်းကပြောသည်။ ကောလဟလများမဖြစ်ရန်အတွက်ရပ်ကွက်အသီးသီးရှိကော်မတီ အသီးသီးနှင့် ပူပေါင်းကာထိန်းသိမ်းမှူများဖြပြုလုပ်ခြင်း၊ပြည်သူ များကောလဟာလမယုံ ရန်ပြောခြင်း များပြုလုပ် မည် ဟု ရဲမှူးဦးစိုးငြိမ်းကပြောသည်။
လက်ရှိတွင်အမှတ် (၃) စာသင်ကျောင်းရှိကျောင်းသား၊ကျောင်းသူ များအေးချမ်း မှူရှိရန် ကျောင်း တံခါးပေါက်နှစ်ခုလုံးအား ပိတ်ထားသည်ဟု အဆိုကျောင်းအနီးတွင်နေထိုင်သူများမှပြော သည်။ ကောလ ဟလကြောင့်မန္တလေးနည်းပညာတက္ကသိုလ်မှကျောင်းသားအချို့အားမိဘများမှဖုန်းဆက်ခေါ်ယူမှူရှိကြောင်း သိရသည်။
စိုင်းလမင်း

No comments:
Post a Comment