မြန်မာ၊
အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့
အာဆီယံဒေသတွင်း လွတ်လပ်စွာ သွားလာခွင့် ဗီဇာ သဘာတူညီမှုကို ယနေ့
နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် တွင်
လတ်မှတ်ရေးထိုး ခဲ့သည်။
ကမ္ဘာလှည့်ခရီးသွားလာရေးဆိုင်ရာဝန်ကြီးများသည် ဒေသတွင်း လွတ်လပ် စွာသွားလာခွင့် smart ဗီဇာစနစ်အတွက် အတူပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို
ယခုလ ၅ ရက်နေ့မှ ၇ ရက်ထိ ကျင်းပမည်ဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပါဝင်တက်ရောက်သူ ၉၀၀ ကျော်ရှိကြောင်း ဖိုရမ်ထုတ်ပြန်ချက်အရသိရသည်။
PN-018
Popular Myanmar News Journal
No comments:
Post a Comment