Titanium ကိုင်းနဲ့ ပြုလုပ်ထားပါတယ် ။ နေကာ မျက်မှန်တစ်လက်ပေမဲ့.. ပုလင်းဖောက်နိုင် အောင် ပြုလုပ်ပေးထားပါတယ်။ကိုင်းမှာ ပြုလုပ်ထားတဲ့ ပုလင်းဖောက်တံတစ်ခုလို့ ဆိုထားပြီး ဒီမျက်မှန်လေးတပ်ပြီး ပါတီတက်တဲ့ အခါ သောက်စရာအတွက် ပုလင်းဖောက်တံ ရှာဖို့ ခေါင်းမစားရတော့ဘူးပေါ့ ။
ပေါ့ပါးတဲ့ မျက်မှန်တစ်လက်ဖြစ်ပြီး နေကာမျက်မှန် အရည်အသွေး ကောင်းမွန်သလို ဖောက်တံလိုလည်း အသုံးပြုလို့ ရနိုင်တော့ အဆင်ပြေပြီးရင်း ပြေပါလိမ့်မယ်။
အသစ်အဆန်း အနေနဲ့ ရယ်.. ဖက်ရှင်ကျကျဝတ်ဆင်လို့ ရယ် အဆင်ပြေမှုကို ရရှိမှာပါ။ ဈေးနှုန်းကတော့ 145 ဒေါ်လာ လို့ ကြေငြာထားပါတယ်။
From : Kickstarter
No comments:
Post a Comment