အမျိုးဘာသာ သာသနာအကျိုး ဆတက်တပိုး
တိုးတက်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းတိုင်ပင်ဆွေးနွေး စည်းဝေးပွဲတရပ်ကို ယနေ
့မေလ ၁၉ ရက် တနင်္ဂနွေနေ့  နေ့လည် ၁ နာရီတွင် အမေရိကန်ပြည်ထောင်စု
တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးကျောင်း ၌ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ စည်းဝေးပွဲကို သာသနာရေးကိစ္စဖြင့်
မြန်မာနိုင်ငံသို့ သုံးလတာခန့် ကြွရောက်ခဲ့ပြီး ယမန်အပတ် က
ပြန်လည်ကြွရောက်လာသည့် ဇေယျသုခဓမ္မရိပ်သာ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာ
ဘုန်းတော် ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒ၀ံသ၏မိန့် ညွှန်ချက်အရ
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အသင်းက ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် အဓိကအကြောင်းအရာ ၇
ချက်ဖြစ်သည့် (၁) ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပူဇော်နိုင်ရေး (၂)
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း ခြောက်လပတ် အစည်းအဝေးကျင်းပနိုင်ရေး (၃)
စုပေါင်းရှင်ပြု ရဟန်းခံပွဲ ကျင်းပနိုင်ရေး (၄) ကလေးများအတွက် မြန်မာစာ
ရေး၊ ဖတ်၊ ပြောနှင့် ယဉ်ကျေးလိမ္မာ သင်တန်း ဖွင့်လှစ်ပို့ ချပေးနိုင်ရေး (၅)
မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ ဘဏ္ဍာရေး ဆိုင်ရာ စရင်းရှင်းလင်းခြင်း (၆)
ရှေ့လုပ်ငန်းစဉ်နှင့် (၇) အထွေထွေ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း
သိရှိရသည်။
ဦးစွာပထမ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပူဇော်နိုင်ရေးနဲ့ ပတ်သက်၍ ဘဒ္ဒန္တနန္ဒ၀ံသက "(၁)
ဘုရားအလောင်းတော် ရသေ့ သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ်
ဖြစ် လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ
ကဆုန်လပြည့်နေ့ဖြစ်တယ်၊ (၂) ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး
မွေးဖွား လာခဲ့တဲ့နေ့လည်း မဟာ သက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ် တယ်၊ (၃)
ဂေါတမဘုရား အလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃)
ခု ကဆုန် လပြည့်နေ့ဖြစ်တယ်၊ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလည်း
မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ
ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ကြီးကျယ်ထူးမြတ်တဲ့ ဘာသာရေး
နေ့တစ်နေ့ဖြစ်တဲ့အတွက်က်ကြောင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ 
ကဆုန်ညောင်ရေသွန်း ပွဲတော်ကို မဖြစ်မနေ ကျင်းပသင့်ပါတယ်။ " ဟု ရှင်းလင်း မိန့် တော်မူသည်။
ထို့နောက် ကျန်အစီအစဉ်(၆)ရပ်ကို
အစည်းအဝေး တက်ရောက်လာသူများနဲ့ အကျယ်တ၀င့် အပြန် အလှန် ဆွေးနွေးခဲ့ကြပြီး
ဆုံးဖြတ်ချက် အသီးသီး ချမှတ်နိုင်ခဲ့ကြသည်။
အစည်းအဝေး ဆုံးဖြတ်ချက်အရ ကဆုန်လပြည့်
ဗုဒ္ဓနေ့  ကဆုန်ညောင်ရေသွန်းပွဲတော်ကို လာမည့် မေလ ၂၆ ရက် တနင်္ဂနွေနေ့တွင့်
ဇေယျသုခဓမ္မရိပ်သာ မြန်မာထေရ၀ါဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းဝန်း အတွင်းတွင် စည်ကားသိုက်မြိုက်စွာ
ဆင်ယင်ကျင်းပသွားမည်ဖြစ်သည်။
ဆွေးနွေးစည်းဝေးပွဲသို့  မြန်မာထေရ၀ါ
ဗုဒ္ဓဘာသာအသင်း၏ လုပ်ငန်းကော်မတီ ဌာနအလိုက် တာဝန်ခံများ၊ အသင်းသူ
အသင်းသားများ၊ လူငယ်ခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်
ဆွေးနွေးခဲ့ကြပြီး ညနေ ၃ နာရီခန့် တွင် အောင်မြင်စွာ
ပြီးဆုံးသွားခဲ့ကြောင်း သိရှိရသည်။
The Arakan Times
No comments:
Post a Comment