ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် မိုးရွာသွန်းစေရန်အတွက် လွန်ဆွဲပွဲများပြုလုပ်နေစဉ် |
မိုးကခုထိ တစ်ကြိမ်ပဲ ရွာသေးတယ်။ ရွာတဲ့မိုးကလည်း ရေသိပ်မပါတော့ နေတအား ပူထားတဲ့အတွက် စိုက်လို့ပျိုးလို့ မရသေးဘူး။ ခုချိန်စိုက်လိုက်ရင် အပင်တွေက သေတာများတယ်။ နောက်တစ်မိုးလောက် များများရွာမှ စိုက်လို့အဆင်ပြေမယ်။ ခုလ (မေလ) ထဲမှာပဲ တစ်ကြိမ်လောက်ရွာရင် အဆင်ပြေပါတယ်။ မိုးထပ်မရွာဘူး ဆိုရင်တော့ တောင်သူတွေမှာ ပဲနောက်စိုက်လို့ မမီဘဲ နှမ်းလောက်ပဲ စိုက်နိုင်တော့မယ်..
''မိုးမရွာတာ အတော်ကြာပြီ၊ ခုမှ ပြန်ရွာတာ။ ရွာချိန်က သိပ်မကြာ လိုက်ပေမယ့် ရေက အတော်လေး ပါတယ်။ လေလည်းနည်းနည်း တိုက်လိုက်တော့ သစ်ကိုင်းဆတ်တဲ့အပင်က သစ်ကိုင်းတွေ ကျိုးကျ တာတော့ရှိတယ်။ သက်တမ်းရင့် သစ်ပင်ကြီးတွေ အပင်လိုက် လဲကျတာတော့ မရှိပါဘူး။ လောလော ဆယ် လျှပ်စစ်မီးတော့ ပြတ်သွားတယ်။ မီးကြိုးတွေပေါ် ကျိုးကျနေတဲ့ သစ်ကိုင်းတွေကိုတော့ သက်ဆိုင်ရာက လိုက်ရှင်းနေတာတွေ့တယ်။ လျှပ်စစ်မီးကတော့ မိုးစရွာကတည်းက ပျက်သွားတာ ဒီနေ့(၃.၅.၂၀၁၃နေ့) နေ့လည်ထိအောင် မလာသေးဘူး။ အပူဒဏ်ခဏတော့ သက်သာသွားတာပေါ့'' ဟု ပခုက္ကူမြို့ခံ ကိုဇော်ဝင်းသန်းက ပြောသည်။
ပခုက္ကူမြို့တွင် ဧပြီလပထမပတ်မှစ၍ နေ့အပူချိန်များ သိသိသာသာ မြင့်တက်ခဲ့ပြီး အချို့ရက်များ၏ အမြင့်ဆုံး အပူချိန်များမှာ ၄၄ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ မိုးပြန်လည် ရွာသွန်းခဲ့သည့်အတွက် နေအပူချိန်များ လျော့ကျရန်နှင့် မိုးထပ်မံရွာသွန်းရန် ဒေသခံများကြား မျှော် လင့်နေကြောင်း သိရသည်။
''မိုးကခုထိ တစ်ကြိမ်ပဲ ရွာသေးတယ်။ ရွာတဲ့မိုးကလည်း ရေသိပ်မပါတော့ နေတအား ပူထားတဲ့အတွက် စိုက်လို့ပျိုးလို့ မရသေးဘူး။ ခုချိန်စိုက်လိုက်ရင် အပင်တွေက သေတာများတယ်။ နောက်တစ်မိုးလောက် များများရွာမှ စိုက်လို့အဆင်ပြေမယ်။ ခုလ (မေလ) ထဲမှာပဲ တစ်ကြိမ်လောက်ရွာရင် အဆင်ပြေပါတယ်။ မိုးထပ်မရွာဘူး ဆိုရင်တော့ တောင်သူတွေမှာ ပဲနောက်စိုက်လို့ မမီဘဲ နှမ်းလောက်ပဲ စိုက်နိုင်တော့မယ်'' ဟု ဘုန်းကန်ကျေးရွာမှ တောင်သူ မမိမော်က ပြောသည်။
''လက်ရှိမိုးအခြေအနေက တောင်သူတွေအတွက် ဘယ်လိုမှ အဆင်မပြေသေးဘူး။ နောက်ထပ် မိုးထပ်ရွာဖို့ မျှော်နေရတာပဲ။ ပျိုးကြဲပြီးချိန်လောက် တစ်မိုး နှစ်မိုးလောက် ထပ်ရွာရင်တော့ သီးနှံပိုဖြစ်တာပေါ့။ မနှစ်ကတော့ မိုးဦးလုံးဝမကောင်းဘဲ မေလကုန်လောက်မှရွာလို့ တောင်သူတွေမှာ တစ်သီးပဲ စိုက်နိုင်တယ်'' ဟု မြောက်လူးကန်ကျေးရွာမှ တောင်သူ ကိုညွန့်လွင်က ပြောသည်။
Eleven Media Group
No comments:
Post a Comment