ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်နေရာကွက်ကျား၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ် တို့တွင်နေရာအနှံ့အပြားမိုးထစ် ချုန်းရွာခဲ့ပါသည်။
နေ့အပူချိန်များမှာ စစ်ကိုင်းတို င်းဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင်မေလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီ ဂရိတ်မှ(၄)ဒီဂရီ စင်တီဂရိတ်ထိပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်မေလ၏ ပျမ်းမျှ အပူချိန် ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့်နေ့အပူချိန် များမှာချောက်မြို့တွင်(၄၂)ဒီဂရီစင်တီဂရိတ် မင်းခြံမြို့၊ မင်းဘူးမြို့နှင့်ဘော်လခဲမြို့တို့တွင်(၄၁)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန် များမှာ ကျိုက်မရောမြို့တွင်(၂.၁၆)လက်မ၊ချောင်းဆုံမြို့တွင် (၁.၉၇)လက်မ၊ပေါင်မြို့တွင်(၁.၈၁)လက်မ၊ ဖျာပုံမြို့တွင်(၁.၆၉)လက်မနှင့်သာယာဝတီမြို့တွင်(၁.၄၉)လက်မတို့ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ယနေ့မြ န်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN)သည် မြန်မာနိုင်ငံ(ကိုကိုးကျွန်း)၏ အ နောက်ဘက်မိုင်(၆၄၀)ခန့်၊ ပုသိမ်ြ မို့၏ အနောက်တောင်ဘက်မိုင်(၅၅၀)ခ န့်၊ကျောက်ဖြူမြို့၏အနောက်တောင် ဘက်(၅၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ (ဗီဇာကာပတ္တနမ်မြို့)၏ အရှေ့တောင်ဘက်မိုင် (၂၅၀)ခန့် အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊မုန်တိုင်း ဗ ဟိုချက်အနီးတွင် အမြင့်ဆုံးလေတို က်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတွင် တိမ် အသင့်အတင့်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်ထူထပ်နေ ပါသည်။
မနက်ဖြန်ညနေအထိခန့်မှန်းချက်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြ ည်နယ်တို့တွင်နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတို င်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိ ပ်နှင့်ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင်နေရာကွက်ကျားမှနေ ရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပါ သည်။ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုး သက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ေ ရပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင်မုတ်သုံလေသည်မြန်မာနိုင်ငံတောင်ပိုင်းဒေသ များသို့ စတ င်ဝင်ရောက်နိုင်ပါသည်။ နေပြည်တော်နှင့် အနီိးတစ်ဝိုက်အတွက် ယနေ့ညေ န အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီိးတစ်ဝိုက် အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီိးတစ်ဝိုက်အ တွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း (၆၀)ဖြစ်ပါသည်။
source::http://weather4mm.weebly.com/ 412141414143415241034124-416040 96415341024141414341144153.htm l
မနက်ဖြန်ညနေအထိခန့်မှန်းချက်။ ဧရ
မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရ
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
ရန်ကုန်မြို့နှင့်အနီိးတစ်ဝိုက်
မန္တလေးမြို့နှင့်အနီိးတစ်ဝိုက်အ
source::http://weather4mm.weebly.com/
No comments:
Post a Comment