မေ ၁၃ ရက်က ကျင်းပသော အော်ပရေတာတင်ဒါနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ဆက်/နည်းပညာ ဒုဝန်ကြီးဦးသောင်းတင်မှ ရှင်းလင်းစဉ် |
ရွေးချယ်ခံရသော ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီအနေဖြင့် အချိန်ကာလ နှစ်နှစ်ခွဲအတွင်း ဖုန်းသိပ်သည်းဆကို ရာခိုင်နှုန်း ၅၀ အထိ ရောက်လာရန် အကောင် အထည်ဖော် ဆောင်ရွက် ရမည် ဖြစ်သောကြောင့် ဒေါ်လာနှစ်ဘီလျံ ရင်းနှီးမြှုပ်နှံရဖွယ် ရှိကြောင်းလည်း ခန့်မှန်းသုံးသပ်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မိုဘိုင် ဖုန်း သိပ်သည်းဆမှာ ခုနှစ်ရာခိုင်နှုန်းခန့်ရှိပြီး အော်တိုကြိုးဖုန်း သိပ်သည်း ဆမှာ တစ်ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သိရသည်။
ဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ အတွင်း၌ မိုဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်း ယခင်က ထုတ်ပြန်ခဲ့ဖူးသည်။
ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများအတွက် အရည်အသွေး သတ်မှတ်ချက်များလည်း ထားရှိ မည်ဖြစ်ပြီး ချို့ယွင်းချက်များရှိပါက ဒဏ်တပ်သွားမည်ဟု သိရသည်။
''ဖုန်းခေါ်ဆိုမှုအကြိမ် ၁၀၀ မှာ ၉၉ ကြိမ် လိုင်းမိရမယ် စသဖြင့် သတ်မှတ်ချက်တွေ ရှိပါတယ်။ ခေါ်ဆိုလို့ မရဘူး၊ လိုင်းမမိတာတွေ များမယ်ဆိုရင် ဒဏ်တပ်မှာဖြစ်ပါတယ်'' ဟု ၀န်ကြီးဌာနမှ တာဝန်ရှိသူ က ပြောသည်။
၂၀၁၁-၂၀၁၂ အတွင်း နိုင်ငံအချို့၏ မိုဘိုင်းဖုန်း သိပ်သည်းဆများ
ထိုင်း ၁၂၃ ရာခိုင်နှုန်း
မလေးရှား ၁၂၂ ရာခိုင်နှုန်း
တောင်ကိုရီးယား ၁၀၈ ရာခိုင်နှုန်း
ဖိလစ်ပိုင် ၁၀၃ ရာခိုင်နှုန်း
အင်ဒိုနီးရှား ၉၆ ရာခိုင်နှုန်း
တရုတ် ၇၈ ရာခိုင်နှုန်း
အိန္ဒိယ ၇၈ ရာခိုင်နှုန်း
ပါကစ္စတန် ၆၆ ရာခိုင်နှုန်း
ဘင်္ဂလားဒေ့ရှ် ၅၀ ရာခိုင်နှုန်း
မြန်မာ ၇ ရာခိုင်နှုန်း
Eleven Media Group
No comments:
Post a Comment