Monday 18 March 2013

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများအတွက် လျှောက်လွှာခေါ်ယူ

 
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးဝန်ကြီးဌာန

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်
မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွက် အောက်ဖော်ပြပါ မဟာအင်ဂျင်နီယာဘွဲ့ သင်တန်းများကို ၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်တွင် စတင် ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။

စဉ် ဖွင့်လှစ်မည့်ဌာန ဖွင့်လှစ်မည့် အခြေခံဘွဲ့ ဦးရေ သင်တန်းများ လိုအပ်ချက်

(က)ရေယာဉ်တည်ဆောက် M.E(NA) B.E(NA) (၅)ဦး
မှုနှင့်အဏ္ဏ၀ါအင်ဂျင်နီယာဌာ

(ခ)ဆိပ်ကမ်းအင်ဂျင်နီယာဌာန M.E(PH) B.E(PH) (၅)ဦး

(ဂ)မြစ်ချောင်းနှင့်ကမ်းရိုးတန်း M.E(RC) B.E(RC) (၅)ဦး
အင်ဂျင်နီယာဌာန

၂။ ၀င်ခွင့်လျှောက်ထားသူများသည် အောက်ပါသတ်မှတ်ချက်များနှင့်ပြည့်စုံ
ကြောင်း အထောက်အထားမူရင်းများနှင့် မိတ္တူများတင်ပြရမည်-

(က) လျှောက်ထားသူနှင့် ၄င်း၏မိဘနှစ်ပါး(၃)ဦးစလုံးသည် ပြည်ထောင်စုသ
မ္မတမြန်မာနိုင်သားဖြစ်ရမည်။(နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ တင်
ပြနိုင်ရမည်။)

(ခ)လျှောက်ထားသူများသည် သက်ဆိုင်ရာဘာသာရပ်တွင် မဟာအင်ဂျင်နီ
ယာဘွဲ့သင်တန်း တက်ရောက်ရန် အဆင့်မီသူများ ဖြစ်ရမည်။

(ဂ) အင်ဂျင်နီယာမဟာဘွဲ့သင်တန်းကာလမှာ (၂)နှစ်ဖြစ်ပြီး သင်တန်းကို
အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်။

(ဃ)၀န်ထမ်းဖြစ်ပါက သက်ဆိုင်ရာဦးစီးဌာန/ ပြည်ထောင်စုဝန်ကြီးဌာနမှ
အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်မူရင်းတင်ပြရမည်

(င) သင်တန်းတက်ရောက်မည့်သူများသည် ကျန်းမာရေးကောင်းမွန်ကြောင်
သက်ဆိုင်ရာမြို့နယ်အဆင့် ဆေးရုံမှဆရာဝန်၏ ထောက်ခံချက် လက်မှတ်
တင်ပြနိုင်ရမည်။

၃။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ အကျင့်စာရိတ္တ ကောင်းမွန်
ကြောင်း သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း
ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ ၊ အောင်မြင်ခဲ့သော တက္ကသိုလ်များမှ
ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ တို့တင်ပြရမည်။

၎။ လျှောက်လွှာပုံစံများကို ၁၈-၃-၂၀၁၃ရက်(တနင်္လာနေ့)မှစ၍ မြန်မာနိုင်
ငံ ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ရယူနိုင်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို ထုတ်ပေးမည်။

၅။ ၀င်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံရေးကြောင်းတက္ကသိုလ် သန်လျင်(သီလ၀ါ) ၌ ၄-၄-၂၀၁၃ ရက်(ကြာသာပတေးနေ့)တွင် အောက်ပါ
အစီအစဉ်အတိုင်း ကျင်းပပေးမည်ဖြစ်သည်။

စဉ် ဘာသာရပ် အချိန်

(က) အင်္ဂလိပ်စာ ၁၀:၀၀ နာရီမှ ၁၂:၀၀နာရီထိ

(ခ) သက်ဆိုင်ရာဘာသာရပ် ၁၃:၀၀ နာရီမှ ၁၅:၀၀နာရီထိ

၆။ လူတွေ့စစ်ဆေးခြင်းခံရသူများစာရင်းအား ၂၃-၄-၂၀၁၃(အင်္ဂါနေ့)တွင်
ကြေညာမည်ဖြစ်ပြီး ၂၆-၄-၂၀၁၃(သောကြာနေ့)တွင် လူတွေ့စစ်ဆေးမည်
ဖြစ်ပါသည်။ မဟာဘွဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်း
ကို ၂-၅-၂၀၁၃ရက်(ကြာသာပတေးနေ့)တွင် မြန်မာနိုင်ငံရေကြောင်းပညာ
တက္ကသိုလ်၌ ထုတ်ပြန်ကြေညာမည်။

၇။ ၀င်ခွင့်စာမေးပွဲဖြေဆိုရန်လာရောက်သည့်အခါ မိမိ၏ နိုင်ငံသားစိစစ်ရေး
ကတ်ပြားများကို တစ်ပါတည်း ယူဆောင်လာရမည်။

၈။သတ်မှတ်ထားသည့် အချက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်းမပြု
သော လျှောက်လွှာများ မမှန်မကန်ဖြည့်စွက်ရေးသားဖော်ပြသောလျှောက်
လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအားထည့်သွင်းစဉ်းစား
မည်မဟုတ်ပါ။

၉။ အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာနိုင်ငံရေကြောင်းပညာ
တက္ကသိုလ်သို့ လူကိုယ်တိုင်သော်လည်းကောင်း ဖုန်းနံပါတ်-၀၉၅၀၅၈၀၀၇
သို့လည်းကောင်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

=============
ကြေးမုံသတင်းစာ
၁၈-၃-၂၀၁၃

ref:TSJ Tech Team

No comments:

Post a Comment